9 🥀

569 69 38
                                    

Unicode Ver

"ဒါပေမယ့်...."

"ဆူဘင်း? ချွဲဆူဘင်း ပြန်လာတာလား?"

အခန်းပေါက်ဝက သူမအသံကြောင့် ဂျွန်းနဲ့ပြောလက်စစကားကို အမြန်ဖြတ်ရပြီ
သူမနဲ့ပြောသမျှစကားတိုင်းသည် ဂျွန်း ကြား၍ကောင်းမည့်စကားတစ်ခွန်းမှ ပါမည်မဟုတ်တာ ကျိန်းသေနေတာကြောင့်..

"ထယ်ဟျောန်းကိုလွတ်လိုက်မယ် ပြီးတော့ မောင်လည်း မြန်မြန်ပြန်လာခဲ့မှာမလို့ လိုအပ်တာရှိရင်အချိန်မရွေးဖုန်းဆက်နော်"

"မောင်.."

ခပ်တိုးတိုးခေါ်သံလေးမှာ စကားလုံးတွေကို အဆုံးထိနားဆင်ပေးချင်ပေမယ့် အခန်းတံခါးကို ဝုန်းခနဲ ဖွင့်ပစ်လိုက်တဲ့သူမကြောင့် ချစ်တယ်နော် ဆိုတဲ့စကားကိုသာပြောရင်း ရင်ထဲကတောင်းပန်ဖြစ်သည်။

"ဘာကိစ္စလဲ အမေ"

တံခါးဝမှာမိန့်မိန့်ကြီးရပ်နေတဲ့သူမဟာ မျက်လုံးရွှင်ရွှင်တွေနဲ့..

"အတော်ပဲ
ငါအခုလေးတင် ဟိုဘက်အိမ်နဲ့တွေ့ပြီးပြန်လာတာ အင့် ဒီမှာ အချက်အလက်တွေ"

ကုတင်ပေါ်ပစ်ပေးတဲ့ စာအိတ်အညိုတစ်စောင်ကို မောင် ဖွင့်ကြည့်သည့်အခါ ထွက်လာတဲ့ ဓာတ်ပုံအချို့နဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်အချို့။

"ဒါက?"

"မင်း စေ့စပ်ရမယ့် အမျိုးသမီးပဲ"

မောင် ဟာ ချက်ချင်းပဲ ဒေါသတကြီးစာရွက်တွေကို ဆုပ်ချေပစ်ရင်း မတ်တတ်ထရပ်ပစ်ကာ သူမကို ခပ်စေ့စေ့ကြည့်သည်။

"အမေ သိနေတယ်မလား"

သူမဟာ မူမပျက်တဲ့ အပြုံးခနဲ့နဲ့ဖြင့် မောင့်ကိုလှောင်ပြောင်နေသလိုမျိုး

"ဘာကိုလဲ"

"...."

"ချွဲယောန်ဂျွန်း သေတော့မှာကိုလား?"

*ခွမ်း*

အစိတ်စိတ်အမြွာမြွာ ဖြာကျဲကျသွားတဲ့ မှန်တင်ခုံကမှန်တစ်ချပ်နဲ့အတူ ကျယ်လောင်စွာ ဟိန်းထွက်လာတဲ့ မှန်ကွဲသံက သူမပုခုံးနှစ်ဖက်ကို တုန်တက်စေပေမယ့် ဟိတ်ဟန်အပြည့်နဲ့ အပြုံးဟာသူမမျက်နှာက တစ်စက္ကန့်လေးတောင်ခွာမသွားပါဘူး

𝐧𝐞𝐯𝐞𝐫𝐄𝐍𝐃𝐢𝐧𝐠  (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Where stories live. Discover now