7 🥀

538 79 14
                                    

Unicode ver

ဂျွန်း ​ ဆေးရုံတက်​နေရတာ သုံးလ​ကျော်ခဲ့ပြီ

သိသိသာသာ ထိုးကျလာတဲ့ ကိုယ်အလေးချိန်တွေဟာ ဂျွန်းရဲ့အကြောစိမ်းလေးတွေကို ပိုပေါ်လာစေခဲ့လို့

ကိုယ်အပူချိန်​တွေ တက်လာလိုက်ကျသွားလိုက်နဲ့ ခဏခဏ ဖျားနာတတ်တဲ့ဂျွန်းရဲ့ အသံသြရှရှဟာ အမြဲလိုလို အက်ကွဲနေတတ်လို့

ဆေးအကူအညီမပါဘဲ မအိပ်ပျော်တော့တဲ့ မျက်ကွင်းညိုညိုတွေ....
​ခဏတာ အိပ်​ပျော်သွားရင်လည်း အိပ်မက်ဆိုးတွေဆက်တိုက်မက်လို့ ချွေးစေးတွေရွှဲကာ ပြန်ပြန်လန့်နိုးလာတတ်တဲ့ ညတွေ..

ထင်​ယောင်ထင်မှားဖြစ်တဲ့ ပုံရိပ်ယောင်တွေကြား ကြောက်လန့်နေတတ်သလို တစ်ခါတစ်​လေ တစ်ယောက်တည်းလည်း ထထ​အော်တတ်ပြန်တယ်။

ဆိုးဝါးလာတဲ့အရာအားလုံးကို စိတ်ရှည်လက်ရှည် မောင် လက်သင့်ခံနိုင်ပေမယ့် မောင် မခံစားနိုင်တဲ့အရာတစ်ခုဟာ ဂျွန်းရဲ့ မှတ်ဥာဏ်​တွေပျောက်ဆုံးခြင်းပဲ။

တစ်ခါတစ်​လေ ဂျွန်း ဟာ ထမင်းစားပြီးပြီလား
မစားရ​သေးဘူးလား ​သတိမရဘူး
တစ်ခါတစ်​လေ ဂျွန်း ဟာ သူဘယ်​​ရောက်​နေလဲ ​မသိပြန်ဘူး

လူ​တွေကို ​မေ့တယ်
နေရာတွေကို မေ့တယ်
သူ့နာမည်သူ ​မေ့တယ်
အမှတ်တရတွေကို မေ့တယ်
မောင့်ကို ​မေ့တယ်

ဒီ​နေ့လည်းပဲ ဂျွန်းဟာ ​​မောင့်ကို မေ့ပြန်တယ်။

အခန်းထဲ ဝင်ဝင်လိုက်ချင်း စောင့်ကြိုနေတဲ့ "ဘယ်သူလဲ" ဆိုတဲ့ မေးခွန်းဟာ မောင့် ရင်ကိုအကြိမ်ကြိမ်ခွဲတယ်။

ဖြစ်​နေကျအရာတစ်ခုလို ဖြစ်လာ​ပေမယ့် နှလုံးသားက​တော့ ​ကျင့်သားရသွားတယ်ဆိုတာ မျိုး မရှိခဲ့ဘူး။

မေ့ပျောက်ခံလိုက်ရပြီဆိုတဲ့အ​တွေးက ဂျွန်း ဘဝထဲက​နေ မောင့် ဖြစ်တည်မှုကို ဖြတ်​တောက်​ပစ်လိုက်သလိုပဲ အနှိုင်းမဲ့ နာပါတယ်။

"ဂျွန်းရဲ့ ချစ်သူ​လေ"

စကားတစ်ခွန်းကို ဆိုရင်း နဖူး​လေးကို ဖွဖွ​နမ်း​​ရှိုက်တော့ ဂျွန်း ဟာ ငြိမ်ငြိမ်သက်သက်။

𝐧𝐞𝐯𝐞𝐫𝐄𝐍𝐃𝐢𝐧𝐠  (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Where stories live. Discover now