8 🥀

547 75 22
                                    

Unicode ver

Nov 25 , 2021

ဆေးရုံခန်း​ငယ်လေးဟာ ပုံမှန်နေ့ရက်တွေထက် ဆိတ်ငြိမ်နေလို့ ဒီနေ့တော့ ဂျွန်း တစ်​ယောက်တည်းသာ လေပြေတို့နဲ့အတူရှိသည်။

ပြတင်းပေါက်အပြင်ဘက်က မြင်ကွင်းဟာ ပြောင်းလဲမှုတို့သိပ်မရှိ။
ဆေးရုံဝန်းအတွင်း မြက်ခင်းစိမ်းထက်က ခုံတန်းလျားလေးပေါ်မှာ ထိုင်နေကြတဲ့ အဖြူရောင်ဝတ်စုံလေးတွေရယ်
သစ်ရွက်စိမ်းစိမ်းဝေဆာနေတတ်တဲ့ သစ်ပင်ကြီးကြီးတွေရယ်
ရောင်စုံဝေဖြာနေတဲ့ ပန်းခြံအသေးလေးက ပန်းပွင့်ငယ်တွေရယ်

မြင်ကွင်းတစ်ဆုံးကို လှမ်းမော်ကြည့်တော့ ဝေဟင်ပြာဟာ တိမ်တိုက်ဖြူဖြူတို့နဲ့ အလှစုံလို့..

ကောင်းကင်ပြာကို မျှော်ကြည့်လိုက်တိုင်း
မောင့် ကို သတိရသည်။

ဘဝထဲဝင်လာတဲ့အခိုက်တန့်မှာ မောင် က ဖြူအိအိအသားအရေလေးနဲ့ အလိုက်ဖက်ဆုံး အပြာရောင်ဆွယ်တာလေးကို ရိုးရိုးလေးဝတ်ဆင်ထားခဲ့တာ..

မှတ်မိသေးတယ်
ကော်ဖီဆိုင်ထောင့်လေးမှာ မရဲတရဲခိုးကြည့်တတ်တဲ့ မောင့်မျက်ဝန်းတွေ။
Ice Americano တစ်ခွက်မှာပြီး နှစ်နာရီ သုံးနာရီလောက်အထိ တုတ်တုတ်မလှုပ်ဘဲ ထိုင်နေတတ်တာတွေ။
မိန်းကလေး Customer တွေနဲ့ ရယ်ရယ်မောမောစကားလက်ဆုံကြနေရင် တိတ်တခိုးလေး ကျုံ့သွားတတ်တဲ့မျက်ခုံးနက်တွေ။
အလုပ်ဆင်းချိန်တိုင်း အိမ်ပြန်လမ်းတူသလိုနဲ့ အနောက်ကနေခိုးခိုးလိုက်လာတတ်တဲ့ ခြေလှမ်းတွေ။

စချစ်မိတာဘယ်သူလဲဆိုတာ မသိပေမယ့် ကျွန်တော့်ဘက်ကတော့ ဝေဟင်ပြာလေးကို မြင်မြင်ချင်းမြတ်နိုးခဲ့ရတာ။

အတိတ်က ဆေးကျောင်းသားလေးရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေဟာ ဂျွန်းရဲ့မျက်နှာထက်အပြုံးနုနုကို ထင်ဟပ်စေ၏။

နာရီဝက်မျှတိတ်ဆိတ်နေတဲ့အခန်းငယ်က အထီးကျန်စရာကောင်းလာတာကြောင့် အခန်းပြင်ကိုထွက်ဖို့ ဆုံးဖြတ်လိုက်သည်။

အခန်းထဲကမထွက်ခင် အရင်ဆုံးစဥ်းစားမိတာက မကြာသေးခင်ကပဲ တတွတ်တွတ်အမှာစကားချွေသွားခဲ့သောမောင်။

𝐧𝐞𝐯𝐞𝐫𝐄𝐍𝐃𝐢𝐧𝐠  (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Where stories live. Discover now