3 🥀

704 87 13
                                    

Unicode Ver

ရည်မှန်းချက်မဲ့တဲ့ ​ခြေဦးတည့်ရာ။
ပန်းတိုင်မလိုတဲ့ ခြေလှမ်းတွေဟာ လွတ်လပ်ခြင်းအတောင်ပံတွေလို ပေါ့ပေါ့ပါးပါး။

လက်ဖဝါးပြင်မှာ တင်းကျပ်စွာချည်နှောင်ထားတဲ့ လက်တစ်ဖက်ရဲ့ အနွေးဓာတ်ကလေးဟာတော့ မောင့်ရဲ့အရာအားလုံး။

ဦးဆောင်သူရဲ့ ခြေလှမ်းနဲ့ကျောပြင်ကျယ်ကိုသာ ခပ်တွေတွေငေးနေရင်း ချစ်သူခေါ်ရာနောက် တိတ်တဆိတ်လိုက်သည့် မောင်။

ဘယ်နှမိနစ်ကြာကြာများ ခြေကျင်လျှောက်လာခဲ့သလဲ။
နာရီအပိုင်းအခြား​လောက်ကြာသွားတာလည်း ဖြစ်​ကောင်းဖြစ်နိုင်ပေမယ့် ဘာမှအရေးမကြီးပါဘူး
ဂျွန်းနဲ့သာရှိနေရင် အချိန်​တွေဟာ ရေတွက်နေရလောက်အောင် အရေးမပါဘူး

လမ်းမှ လူအချို့သည်တော့ မောင်တို့နှစ်ယောက် ကို ကွက်ကြည့်ကွက်ကြည့်လုပ်​နေကြ​ပါ၏

​ယောကျာ်း​လေးအချင်းချင်း လက်တွဲသွား​နေ၍လား
ထင်ချင်ရာသာထင်ကြပါစေ

"​ဂျွန်း~"

ခေါ်​သံတိုးတိုးမှာ ​ဂျွန်းက ​ခြေလှမ်းတို့ကို ရပ်တန့်လိုက်ပြီး အသိမ်မွေ့ဆုံးအကြည့်တစ်စုံနဲ့ လှည့်ကြည့်သည်

"ဟင်? ​ခြေ​ထောက်​ညောင်း​နေပြီလား?"

ခေါင်းခါပြ​​သော်ငြား မောင့်ချစ်သူသည် အသဲပိုကာ နဖူးစပ်မှာညိတွယ်နေသည့် ​ချွေး​ပေါက်​လေး​တွေအား နူးနူးညံ့ညံ့​ သုတ်ဖယ်​ပေးပြီး မောင့် ကို ကလေးတစ်ယောက်ကိုချော့မြူနေသလို ချိုချိုသာသာစကားဆို၏

"ပင်ပန်း​​နေ​ရောပေါ့..ခဏနားရ​အောင်နော်"

​ပြောရင်းဆိုရင်းနဲ့ သူများအိမ်​ပေါက်ဝက ​လှေကားထစ်မှာ ခပ်တည်တည်ပဲ ဝင်ထိုင်လိုက်သည်
မောင့် ကိုလည်း နံ​ဘေးလာထိုင်ဖို့ လက်ဟန်အမူအရာနဲ့ ပြ​နေသေးရဲ့

မောင်သည် ခပ်တိုးတိုး ရယ်လိုက်ပါရင်း ဂျွန်း နံဘေးမှာ ကပ်ထိုင်လိုက်သည်

တဖြူးဖြူးတိုက်ခတ်တဲ့ လေရူးဟာ ကပိုကရိုကျနေတဲ့ ဂျွန်းရဲ့ ငွေရောင်ဆံနွယ်တွေကို ယိမ်းကစေတယ်

𝐧𝐞𝐯𝐞𝐫𝐄𝐍𝐃𝐢𝐧𝐠  (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Where stories live. Discover now