Unicode ver
ဂျွန်းရဲ့အဘွားအနားယူရာ အုတ်ဂူလေးဆီမှထွက်လာပြီးနောက် အနီးနားရှိ ခပ်နိမ့်နိမ့်တောင်စောင်းလေးဆီကို လမ်းလျှောက်ဖြစ်ကြသည်
စိမ်းစိုတဲ့သစ်ပင်မြင့်ကြီးတွေဟာ တောတောင်လမ်းငယ်တစ်လျှောက် ပုန်းကွယ်နေရာမှဝင့်ရဲရဲ ထွက်လာပြီဖြစ်သော နေမင်းရဲ အပူရှိန်ကို လျော့ချပေးထားတယ်
နေရောင်ခြည် ပြောက်ကျားလေးတွေဟာ တောရိုင်းပန်းပွင့်လေးတွေကို ပိုလို့အရောင်အသွေးဖြာစေလို့ ပတ်ဝန်းကျင်ဟာ သဘာဝတရားရယ် အလှတရားရယ်
လွင့်ခနဲ တိုက်ခတ်လာတဲ့ လေပြေနွေးနွေက သယ်ဆောင်လာတဲ့ သစ်စိမ်းနံ့ဟာ ဂျွန်းရဲ့ကိုယ်သင်းနံ့ချိုချိုနဲ့ရောယှက်နေတာဟာလည်း အိပ်မက်ဆန်ဆန်
လက်ဖဝါးမှာ ချည်နှောင်ထားတဲ့လက်ချောင်းကလေးတွေရဲ့ အနွေးဓါတ်ဟာ တစ်လောကလုံးကို ပြည့်စုံစေသလို
နိဗ္ဗာန်ဘုံသာ အစစ်အမှန်တည်သည်ဆိုလျှင် မောင့်အတွက်တော့ ဤနေရာ သာဖြစ်မည်
အနည်းငယ်သာမတ်သော တောင်စောင်းငယ်ဖြစ်သည်ကြောင့် နာရီဝက်ကြာကြာ လမ်းလျှောက်ပြီးနောက် တောင်ထိပ်သို့ ရောက်ခဲ့သည်။
တောင်စောင်းထိပ်စွန်းလေးမှာ ခြေစင်းကာ အတူထိုင်ချလိုက်ပြီးသည့်နောက် မြင်နေရသည့်ရှုခင်းလှလှတို့ကို အသီးသီး တိတ်တဆိတ်ငေးကြသည်။
ဂျွန်း မြင်ကွင်းဟာ
တိမ်တိုက်ဖြူဖြူတို့ကြား မြုပ်နေတဲ့ တောတောင်စိမ်းစိမ်းတွေရယ်
ပုဇွန်ဆီရောင်သန်းနေတဲ့ နေမင်းရယ်
အဆုံးမဲ့ကျယ်ပြောတဲ့ညနေခင်း ကောင်းကင်ရယ်မောင့် မြင်ကွင်းဟာ
အနက်ရောင်အဝတ်ပွပွကြား မြုပ်နေတဲ့ ကိုယ်ထည်ဖွေးဖွေးလေးရယ်
ရောင်ပြန်ဟပ်နေတဲ့ တောက်ပပ မျက်ဝန်းလေးတွေရယ်
သွေးစို့နေတဲ့ အလှဆုံးနှုတ်ခမ်းဖူးလေးတွေရယ်"ဂျွန်း~"
ဖြတ်စီးလာတဲ့အသံနိမ့်လေးဟာ ငြိမ့်ညောင်းနေလျက် ဂျွန်းဟာ အသံငယ်ဖြစ်တည်ရာကို အသိမ်မွေ့ဆုံးမျက်ဝန်းတွေနဲ့ လှည့်ကြည့်သည်
YOU ARE READING
𝐧𝐞𝐯𝐞𝐫𝐄𝐍𝐃𝐢𝐧𝐠 (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)
Fanfiction𝐼𝑡 𝑠𝑒𝑒𝑚𝑠 𝑠𝑜 𝑝𝑒𝑟𝑓𝑒𝑐𝑡 𝑏𝑢𝑡 𝑒𝑛𝑑𝑒𝑑 𝑠𝑜 𝑠𝑜𝑜𝑛~ .......................................................................... Starting Date : 25.4.2022 Ending Date : 1.9.2022