4 🥀

709 83 11
                                    

Unicode ver

ဂျွန်းဟာ ကုတင်ထက် ငြိမ်သက်စွာအနားယူနေသည်
ဝေဟင်ထက်ကပြိုကျလာတဲ့ ဖြူဖွေးဖွေးနှင်းပွင့်ငယ်လေးလို~
သစ်ကိုင်းဆီကကြွေလွင့်လာတဲ့ ချယ်ရီပန်းပွင့်ငယ်လေးလို~
နူးနူးညံ့ညံ့လေး
ငြိမ်ငြိမ်သက်သက်လေး

တစ်လတာရဲ့ ပထမဆုံးအိပ်စက်ခြင်းဟာ ဂျွန်းရဲ့ မျက်တောင်ကော့လေးတွေမှာ လှလှပပ ဖြစ်တည်လို့..
ကော့ရွှတ်ရွှတ် မျက်တောင်ငယ်လေးတွေအထက်ရောယှက်နေတဲ့ ငွေရောင်ဆံနွယ်ပျော့ပျော့လေးတွေကို မောင် ဟာ Dandelion ပန်းပွင့်လေးတွေကိုကိုင်သလို ထိလိုက်ရင်ပဲ့ကြွေသွားတော့မယ့်အတိုင်း လက်ချောင်းထိပ်ကလေးနဲ့ ခပ်သာသာလေးဖယ်ရှားသည်

ဂျွန်းပိုင်တဲ့အရာလေးကတောင် ဂျွန်းရဲ့အနားယူခြင်းအတွက် အနှောင့်အယှက်မဖြစ်စေရပါလေ

ဝေါခနဲ ပြတင်းပေါက်ကဝင်လာတဲ့လေစိမ်းမှာ မောင့် ဆံနွယ်တွေဟာ လွင့်ခနဲ...
စောင်ထူထူကို အိပ်မောကျနေတဲ့မင်းသားလေးဆီ သေသေချာချာဆွဲခြုံပေးလိုက်ပြီး ပြတင်းပေါက်ကို ထပိတ်သည်

အမေပျိုးထားတဲ့ လန်းလန်းဆန်းဆန်း ပန်းရောင်စုံတို့နဲ့ ဆန့်ကျင်စွာ ကောင်းကင်ညိုဟာ အုပ်စိုင်းစိုင်း
ပြတင်းပေါက်ဘောင်ဆီ လက်နှစ်ဖက်ကိုထောက်လိုက်ရင်း မျက်နှာထက်ရိုက်ခတ်ရာလေညင်းအား အပြည့်အဝခံစားစေဖို့ မျက်လုံးနှစ်ဖက်ကိုစုံမှိတ်လိုက်သည်

ပေါက်ခနဲ လက်ခုံပေါ်ကျလာတဲ့ရေစက်ကလေး။
မျက်လုံးကိုပြန်ဖွင့်ကာ ဝေဟင်ညိုကိုမော်ကြည့်တော့ တိမ်တိုက်ဟာပြိုကျဖို့ပြင်ဆဲ...

ရေစက်ငယ်ဟာ ပေါက်ခနဲ ခုန်ဆင်းလာပြန်ပြီ
မောင် ဟာ ဒီတစ်ခါတော့ လက်ဖဝါးကို ဖြန့်ပါရင်း ပြတင်းပြင်အကျော်က လေထုကိုစမ်းသည်
အေးစက်တဲ့လေထုဟာ ငြိမ်ငြိမ်သက်သက်ပါပဲ..

ဒါဆို ရေပေါက်လေးတွေက ဘယ်ဆီကများဆင်းသက်လာသလဲ?

မောင် ဟာ အရင်းအမြစ်ကိုသိသွားတဲ့အခါ ခြောက်ကပ်ကပ်ပြုံး၏
ထို့နောက် လေထုထဲက လက်ဖဝါးလေးအား ပြန်ရုတ်သိမ်းလိုက်ကာ မျက်ခုံးနက်နက်တစ်စုံအပေါ် ကန့်လန့်ဖြတ်ကာ တင်သည်

𝐧𝐞𝐯𝐞𝐫𝐄𝐍𝐃𝐢𝐧𝐠  (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Where stories live. Discover now