13 🥀

1.4K 83 25
                                    

Unicode ver

နွေဦးအဝင် ဆောင်းအကုန်လေအေးဟာ ဂျွန်းရဲ့ အသံကိုပါ တစ်ပါတည်းယူဆောင်သွားခဲ့လေသလား

'တောင်းပန်တယ်' ဆိုတဲ့စကားဟာ ဂျွန်းဆီက နောက်ဆုံးကြားခဲ့ရတဲ့စကားဖြစ်ခဲ့တယ်ဆိုတာ မောင့်အတွက်တော့ ယူကြုံးမရဆုံးပါပဲ

ဒါပေမယ့် မောင်ဟာ နာကျင်မှုတွေကို ထုတ်မပြတော့ဘူး။

နောင်တတရားတွေကို ပါးချိုင့်ပါးပါးလေးတွေနဲ့ဖုံးတယ်။
ကျန်ရစ်တဲ့အချိန်တိုလေးအတွင်း အချစ်ရဆုံးသူကို ဒဏ်ရာတွေထပ်မပေးချင်တော့လို့။

ကြေကွဲမှုတွေကို ချစ်တယ်တဖွဖွပြောရင်း မေ့ဖျောက်တယ်။
ဒီထက်ပိုပြီး ကိုယ့်ကိုကိုယ်ခွင့်မလွတ်နိုင်တော့ရင် သူမရှိတော့တဲ့တစ်နေ့နေ့ကို ရင်ဆိုင်နိုင်မှာမဟုတ်လို့။

ဂျွန်းအတွက်တော့ မောင်က ဟန်ဆောင်ကောင်းခဲ့ပါတယ်။

ညညတိုင်း တိတ်တခိုးငိုနေတတ်တာကို မသိချင်ယောင်ဆောင်ထားရင်..
တစ်ခါတစ်လေ ငေးကြည့်နေရင်း မျက်ရည်တွေကျလာတတ်တာကို မသိချင်ယောင်ဆောင်ထားရင်...
အင်း...
မောင်က ဒဏ်ရာတွေကိုဖုံးနိုင်ခဲ့တယ်လေ
ဂျွန်းက မျက်ကွယ်ပြုရင်း ဖုံးကွယ်ခွင့်ပေးထားခဲ့တာကို

Daffodil ပန်းတွေဝေဆာစွာပွင့်တဲ့ မတ်လမှာ ဂျွန်း ဆေးရုံကဆင်းတယ်

ရောဂါသက်သာလို့ ဆေးရုံဆင်းတာမျိုးမဟုတ်ဘဲ မျှော်လင့်ချက်မဲ့တဲ့ကုသမှုကို လွတ်ငြိမ်းခွင့်ပေးလိုက်ရုံသက်သက်ဖြစ်တဲ့အခါ မောင်ကအတင်းငြင်းဆန်ခဲ့ပေမယ့် ဂျွန်းရဲ့ဆန္ဒပါလာတဲ့အခါတော့ ဝမ်းနည်းစွာသဘောတူပေးခဲ့တယ်။

အိမ်မပြန်ချင်တဲ့မောင်က ပင်လယ်ကမ်းခြေအနီးက အသိတစ်ယောက်ရဲ့ လုံးချင်းအိမ်လေးကို ရက်ပိုင်းနဲ့ငှားတယ်။

ပြတင်းပေါက်ကနေ မျှော်ကြည့်တာနဲ့ လှမ်းမြင်နေရတဲ့ တဝေါဝေါရေလှိုင်းဖြူဖြူတွေကို ဂျွန်းက အင်မတန်နှစ်ခြိုက်ပုံပါပဲ။

မောင်က ခြံဝင်းလေးထဲက Daffodil ပန်းပွင့်လေးအချို့ကို ခူးယူလိုက်ပြီး ဂျွန်းကုတင်ဘေးက ပန်းအိုးထဲမှာ လှလှပပထိုးလိုက်သည်။

𝐧𝐞𝐯𝐞𝐫𝐄𝐍𝐃𝐢𝐧𝐠  (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Where stories live. Discover now