10 🥀

573 68 20
                                    

Unicode ver

ရွေ့လျားနေတဲ့ အချိန်ကာလတွေဟာ ဒဏ်ရာတွေကို တဖြည်းဖြည်းချင်း ကုစားလာပြီ

ဖြူဖွေးဖွေး လက်ဆစ်ကလေးတွေထက် ရေးရေးလေးသာကျန်ရစ်တဲ့ အမာရွတ်ငယ်လေးတွေ။

နှုတ်ခမ်းဖူးတစ်စုံဟာ အမာရွတ်လေးတွေကို သိမ်မွေ့စွာ နမ်းရှိုက်နေပါ၏။

ခပ်ဖွဲဖွဲလွင့်ဝဲနေတဲ့ ဆံနွယ်လေးတွေ။
မှိတ်ချထားတဲ့မျက်ဝန်းအိမ်။
ကော့ရွှတ်ရွှတ်မျက်တောင်လေးတွေအောက်က အလှတရားကို ပိုပြောင်မြောက်စေဖို့ ဖြစ်တည်နေတဲ့မှဲ့နက်ကလေး။
မောင့် ချစ်သူ ဟာ သိပ်လှပါသည်။

လေဝင်အောင်ဖွင့်ထားတဲ့ ပြတင်းပေါက်က ဒီဇင်ဘာလေအေးတွေ ဖြူးခနဲတိုက်ခတ်တဲ့အခါ အနည်းငယ်တွန့်သွားတဲ့ပုခုံးငယ်။

မောင် ဟာ ချက်ချင်းပဲ ပြတင်းပေါက်ဆီထသွားလိုက်ပြီး ပြတင်းပေါက်ကိုပိတ်သည်။

ဖြူလွလွလိုက်ကာခန်းဆီးကိုပါ ဆွဲပိတ်လိုက်ဖို့လုပ်နေတုန်း ခရမ်းနုရောင် မောင့် ဆွယ်တာအနားသတ်လေးကို ဆုပ်ကိုင်လာတဲ့လက်ကလေး။

လှည့်ကြည့်သည့်အခါ နံရံကိုမှိီလျက် ကုတင်ထက်ခြေဆင်းထိုင်နေတဲ့ပုံရိပ်လေးက အပြုံးရေးရေးဖြင့် မောင့်ကို ဖြည်းညင်းစွာ ခေါင်းရမ်းပြသည်။

"လိုက်ကာ မပိတ်ရဘူးလား"

ဆက်ခနဲ ငြိမ့်သွားတဲ့ခေါင်းကလေး။
မောင်ဟာ ကုတင်အစွန်းတစ်ဖက်က ပုံရိပ်ငယ်လေးဘေးမှာဝင်ထိုင်လိုက်ရင်း မြတ်နိုးရတဲ့လက်လေးတစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။

သိသိသာသာ သေးသွယ်သွားတဲ့လက်ကလေးတစ်ဖက်ကို မောင် အသားမကျသေးပါဘူး

လက်ကလေးက ဆုပ်ကိုင်ထားတဲ့မောင့်လက်ကို မောက်ခုံအနေအထားဖြစ်စေလိုက်ကာ ကျန်လက်တစ်ဖက်နဲ့ မောင့်လက်ဆစ်က အမာရွတ်လေးတွေကို တယုတယ ထိတွေ့နေပြန်သည်

"နာ..နေ...သေး..လား"

တစ်လုံးချင်းထွက်ကျလာတဲ့ စကားလုံးလေးတွေ။
ဝမ်းနည်းနေသယောင် မျက်ဝန်းတွေက စကားလုံးတွေကို အဓိပ္ပါယ်ပိုစေလို့ မောင် စိတ်မကောင်းဖြစ်မိပါသည်။

𝐧𝐞𝐯𝐞𝐫𝐄𝐍𝐃𝐢𝐧𝐠  (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Where stories live. Discover now