2 🥀

866 89 27
                                    

Unicode ver

20/8/2021

"ဒါနဲ့ကိုယ်တို့ ဘယ်ကိုသွားမှာလဲ?"

ရထားပေါ်ရောက်မှ မေးလာသည့် မေးခွန်းကြောင့် မောင်ဟာ နှုတ်ခမ်းပါးလေးတွေ ကွေးညွတ်ရုံပြုံးသည်

ရထားပေါ်ရောက်မှ မေးရခြင်းအကြောင်းကလည်း အရင်ကမသိချင်ခဲ့၍မဟုတ်။

'Surprise လုပ်ချင်တာမို့ မောင့်ကိုဘာ မေးခွန်းမှမထုတ်ရဘူးနော်' ဟူ၍ မောင့်ရဲ့ တစ်ချက်လွတ်ရာဇသံငယ်လေးကြောင့်။

"ဒယ်ဂူ ကိုသွားမှာ"

"ဒယ်ဂူ!"

အံ့အားသင့်မှုကြောင့် ဂျွန်းက အသံခပ်ကျယ်ကျယ်နှင့် သံယောင်လိုက်သည်
မောင်သည်တော့ ပါးချိုင့်နက်နက်ကိုခပ်ရေးရေးပေါ်စေရင်းသာ ဂျွန်းကိုငေးနေ၏

ဒယ်ဂူ။
'ဒယ်ဂူ' သည် ချစ်ခြင်းတို့စတင်ခဲ့ရာအရပ်။
'ဒယ်ဂူ' သည် 'အချစ်' မွေးဖွားရာ အရပ်။
'ဒယ်ဂူ' သည် အမှတ်တရကောင်းများရှိရာအရပ်။
'ဒယ်ဂူ' သည် အတိတ်ဆိုးများကိန်းအောင်းရာအရပ်။
'ဒယ်ဂူ' သည် မောင် ခြေမချချင်ဆုံးအရပ်။

"အဆင်ပြေပါ့မလား?"

စိုးရိမ်စွာမေးသည့်အခါ မောင်က အပြုံးရေးရေးကို ပန်ဆင်ထားလျက်ပဲ ဂျွန်းရဲ့ လက်ခုံသေးသေးအား လက်ဖဝါးတစ်ဖက်နဲ့ နွေးထွေးစွာ အုပ်မိုးလိုက်သည်

"အင်း ဂျွန်းက မောင်နဲ့အတူတူရှိနေမှာပဲ"

ထို့နောက်တွင်တော့ ပုခုံးထက်သို့ သက်ဆင်းလာသည့် မောင့် ဦးခေါင်းငယ်လေး။

မြတ်နိုးစွာ ဦးထိပ်ဖျားလေးကို အနမ်းချွေတော့ Mint နံ့သင်းသင်း ရှမ်ပူ ဟာ မွှေးခနဲ။

ဂျွန်းသည် မောင့်ဆံနွယ်မွှေးမွှေးလေးတွေထဲ နှာတံမြင့်လေးအား နစ်မြုပ်လိုက်သည်

ရနံ့တွေနဲ့တွဲသွားတဲ့ အမှတ်တရဆိုတာ တစ်သက်လုံးမေ့မရပါဘူး။

...................................................

ခြံဝန်းကျယ်လေးအားဘောင်ခတ်ထားသော အုတ်တံတိုင်းပုလေးရယ်။
တစ်ထပ်အိမ်ပြာလေးရဲ့ အဝင်ပေါက်က
အနည်းငယ် သံချေးလိုက်နေတဲ့ သံတံခါးအညိုလေးရယ်။
လေစိမ်းတစ်ချက်အဝှေ့ လွင့်လူးသွားတဲ့ငွေရောင်ဆံနွယ်ကလေးတွေရယ်။
ပါးနှစ်ဖက်မှာအလှတရားအားလုံးကို စုပုံထည့်ထားတဲ့ ချိုင့်ငယ်လေးတွေရယ်။

𝐧𝐞𝐯𝐞𝐫𝐄𝐍𝐃𝐢𝐧𝐠  (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Where stories live. Discover now