Character Introducing & About UTBM

7.8K 329 55
                                    


"Omegaverse" 🐺🐺🐺🐺🐺🐺🐺

စိတ်ကူးယဥ်ပုံစံမျိုးဖြစ်တဲ့ ဒီ Alternative Universe အကြောင်းကို စိတ်ကူးမျိုးစုံနဲ့ သတ်မှတ်ချက်တွေသိပ်အများကြီးမထားပဲ စိတ်ကူးရှိသလိုရေးကြပါတယ်... 

ဒီ Fic မှာကတော့ အခြေခံအချက်အလက်လေးတွေထဲက ယူသုံးချင်တာလေးတွေတချို့လောက်ပဲပါမှဖြစ်ပြီး ကျန်တာကတော့ကိုယ့်ရဲ့ စိတ်ကူးအတိုင်းပဲသွားမှာပါနော်... ယုတ္တိမရှိတာတွေလည်း ပါကောင်းပါလိမ့်မယ်... လက်တွေ့နဲ့ဝေးကွာတဲ့ပုံစံ စိတ်ကူးယဥ်သက်သက်ပဲဆိုတော့လေ... Omegaverse မှာ wolf type တွေအများကြီးရှိပေမယ့်လည်း ဒီ Fic မှာတော့ Alpha, Beta, Omega ပဲအဓိကပါ... Wolf ပုံစံအသွင်ပြောင်းသွားတာတွေ (Twilight ထဲက Jacob တို့လို, Teenwolf, Underworld ရုပ်ရှင်တွေထဲကလို) ဒီ Fic ထဲမှာပါမှာမဟုတ်ပါဘူး... ရနံ့တွေနဲ့ထိန်းချုပ်တာတွေ၊ အမိန့်ပေးခိုင်းစေနိုင်တာတွေလည်း ပါမှာမဟုတ်ပါဘူး... 

လူသားစစ်စစ်တွေနဲ့ Wolfတွေ အတူတူနေထိုင်ကြတဲ့ Universe ပုံစံပါ...အားနည်းတဲ့လူသားတွေကို ကာကွယ်ပေးမယ့် ဥပဒေတွေမျိုးစုံရှိပေမယ့် Omega တွေအတွက်ကတော့ ဘာဥပဒေမှရေရေရာရာ ပြဌာန်းထားခြင်းမရှိတဲ့နေရာ... အားနည်းသူခြင်းတူတာတောင် ကာကွယ်ပေးဖို့ မျှတတဲ့ဥပဒေမရှိတာကြောင့် ကိုယ့်ကိုယ်ကိုသန်မာအောင်လုပ်ဖို့ နည်းလမ်းတစ်ခုပဲရွေးချယ်စရာရှိပါတယ်...

ကိုယ့်ကိုယ်ကိုသန်မာအောင် ကြိုးစားနေတဲ့ Omega အနည်းစုလည်းရှိသလို ... အများစုက အင်အားနည်းစွာနူးညံ့တဲ့ပုံစံနဲ့ သတ်မှတ်ပေးခြင်းခံလိုက်ရတဲ့ သူတို့ဘဝကို အမြဲတမ်းအားငယ်ကြောက်ရွံနေတတ်ကြတယ်... အချိန်တန်တဲ့အခါ Mate ရှိလာမယ်... ကလေးတွေယူမယ်... ကလေးထဲမှာ Omega လေးတွေပါလာခဲ့ရင်လည်း အားနည်းသူတွေအဖြစ် မိဘတွေကရော ပတ်ဝန်းကျင်ကပါ Brain Wash လုပ်ကြတယ်ပေါ့... ဒီလိုနဲ့ပဲသံသရာလည်ရင်း Omega တွေကဖိနှိပ်ခံရတဲ့ သူတွေဖြစ်လာကြတယ်... 

အခု Fic က University life ပုံစံမျိုးဖြစ်ပြီး Strong type omega လေးက main character အနေနဲ့ပါပါတယ်နော်... 

*** Side Couple အတွက် Plot က မပါသလောက်ကိုနည်းပါတယ်...**

**

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Under the Blue Moonlight A,B,O [Completed ✔]Where stories live. Discover now