Part 30 🌙

2.3K 350 67
                                    

အခုဆို ညဘက်ထမင်းစားဝိုင်းလေးမှာ အရင်လိုခြောက်သွေ့တိတ်ဆိတ်နေခြင်းမရှိတော့... စကားတွေအများကြီးရေပက်မဝင်အောင်ပြောနေကြတာမျိုးတော့မဟုတ်ပေမယ့် နွေးထွေးနူးညံ့သောအခြေအနေလေးတစ်ခုဆီကိုဦးတည်နေသည်...

မျက်နှာချင်းဆိုင်အနေအထားဖြင့် စားပွဲတစ်ဖက်တစ်ချပ်စီမှာ ထိုင်နေကြသော်ငြား စားသောက်နေကြသည့်တစ်လျှောက် ဆော့ဂျင်ဘက်ကစတင်ကာ စကားပြောလေ့တော့မရှိ... ဒါပေမယ့် ဂျောင်ကုပြောသည့်စကားလုံးတိုင်းကို စိတ်ဝင်တစားနဲ့နားထောင်ပေးတတ်သူ... သဘောကျတဲ့အခါတိုင်း ဟက်ဟက်ပက်ပက်နဲ့ ရယ်မောပစ်တာမျိုးနည်းပါးပေမယ့် အပြုံးပိစိလေးပေါ်လာအောင် အမြဲတမ်းပြုံးတတ်လေသူ... အိမ်ပြန်နောက်ကျသည့်အခါတိုင်း ပူပူနွေးနွေးထမင်းဟင်းတွေကို အကြောင်းပြချက်မျိုးစုံပေးပြီး ပြင်ဆင်ခိုင်းထားပေးတတတ်သူ...

အခုအခြေအနေကိုအကျေနပ်ဆုံးလို့ မဆိုလိုပေမယ့် ဖြည်းဖြည်းချင်းအချိန်သေချာယူခြင်းကအကောင်းဆုံးဆိုတာ သူကောင်းကောင်းသိပါသည်... ကျူးလွန်မိခဲ့တဲ့အပြစ်တစ်ခုခြင်းစီကို ထင်ထားတာထက်မြန်မြန်ကျေအေးပေးနိုင်ခြင်းက ဆော့ဂျင်ရဲ့နူးညံ့တဲ့စိတ်ထားလေးကပေါ်လွင်၏...

တဇွတ်ထိုးလုပ်တတ်သည့်ဗီဇ၊ မိုက်ရူးရဲဆန်ပြသနာရှာတတ်သည့်အကျင့်တို့ကို အတတ်နိုင်ဆုံးထိန်းချုပ်နေခဲ့ခြင်းရဲ့ အကျိုးဆက်ကတော့ ဆော့ဂျင်ရဲ့ယုံကြည်မှုကို အချိန်ခဏလေးနဲ့ပြန်ရရှိခြင်းပင်.. နောက်တစ်ခုကစိတ်ထဲမှာ ဖြစ်တည်လာသည့်ခံစားချက်အတိုင်း ဂရုစိုက်မှုနဲ့နွေးထွေးမှုတွေကို မသိမသာရော သိသိသာသာရောပေးအပ်လေခြင်းကြောင့် သူ့အပေါ်ခါးသီးမှုတွေ တဖြည်းဖြည်းချင်းစီမြူခိုးတွေကဲ့သို့ အငွေ့ပျံကုန်ပြီဖြစ်သည်... ဖြည်းဖြည်းချင်းပဲ နည်းနည်းချင်းစီ ရှေ့ကိုတိုးလာရအောင်ပါကင်မ်ဆော့ဂျင်...

အခုဆိုရင်ဆော့ဂျင်နဲ့အတူတူ လပြည့်ညတိုင်းသာမက အားလပ်သည့်ညအခါတိုင်း တောင်ပေါ်ကိုအတူတူသွားဖြစ်ကြသည်... လပြည့်ညဆိုရင် ညအတော်မိုးချုပ်မှသာပြန်လေ့ရှိသည်...

Under the Blue Moonlight A,B,O [Completed ✔]Where stories live. Discover now