Part 10 🌙

2.1K 363 111
                                    

"ဂျီမင်ရေ..."

"ပက်ခ်ဂျီမင်..."

ဆော့ဂျင်တစ်ယောက် ဂျီမင့်ကိုထားခဲ့တဲ့နေရာလေးကိုပြန်လာပြီး အသံတိုးတိုးလေးနဲ့ခေါ်ကာ လိုက်ရှာနေသည်... စိတ်ထဲမှာလည်းဒီလိုအခြေအနေမျိုးနဲ့ ကျောင်းအထိအရောက်လာခဲ့တဲ့ ပက်ခ်ဂျီမင်ကို နေသေချာကောင်းသွားတော့မှ ကောင်းကောင်းဆူပစ်ဦးမည်လို့တေးထား၏... ဒီလိုနေရာမှာသူတို့လိုသူတွေ ကောင်းကောင်းရှင်သန်နိုင်ဖို့အတွက် စည်းမျဥ်းနံပါတ်တစ်က "ကိုယ့်အန္တရာယ်ကိုယ်နားလည်ဖို့" ကအရေးအကြီးဆုံးဖြစ်သည်... ဆော့ဂျင်ကိုယ်တိုင်လည်းတစ်ခါတစ်လေမှာ နံပါတ်တစ်စည်းမျဥ်းကိုချိုးဖောက်ပြီး ရဲတင်းတတ်ပေမယ့် ဒီတစ်ခါဂျီမင့်ရဲ့ရဲတင်းမှုကပိုဆိုးနေသည်...

ဒီလိုနေရာမှာအရဲကိုးရင်ပြဿနာကအကြီးကြီး... ထိထိရောက်ရောက်ကာကွယ်ပေးနိုင်ခြင်းမရှိတဲ့ ဥပဒေတွေရဲ့အားနည်းပေါ့လျော့မှုကြောင့် rape case တွေအများကြီးဖြစ်ဖူးတာကြားဖူးသည်...

"ငါဒီမှာ..."

"ဂျီမင်... ဘယ်သူမှရောက်မလာခင်... ဒါလေးသုံးလိုက်... ရေမွှေးလိုပဲသုံးရတာ... မင်းရဲ့ Pheromoneတွေကိုထိန်းသွားတဲ့အခါ ကျောင်းရှေ့ထိငါလိုက်ပို့မယ်... အဲ့မှာဦးလေးချွဲစောင့်နေတယ် မင်းကိုဟိုတယ်တစ်ခုကိုလိုက်ပို့လိမ့်မယ်... ငါအကုန်လုံးကြိုပြောထားပြီးသား... ငါက မင်းနဲ့ငါရဲ့ Assignment ၂ ယောက်စာထပ်ပြီးတာနဲ့လိုက်ခဲ့မယ်..."

"အင်း... ကျေးဇူး.. ဆော့ဂျင်..."

ဂျီမင့်အသံကတော်တော်ကိုတိုးဖျော့နေခဲ့ပြီး ခန္ဓာကိုယ်လေးကပါ အနည်းငယ်တုန်ရီနေသည်... မျက်လုံးအရောင်မှာလည်း ပုံမှန်အရောင်မဟုတ်ပဲ ပြောင်းလဲလို့နေပြီ.. ဆော့ဂျင် လက်ထဲမှာပါလာတဲ့ အမွှေးနံ့သာပုလင်းလေးကို ခပ်ဆဆလေးလှုပ်ကြည့်လိုက်၏... ဖန်အကြည်ရောင်ပုလင်းလေးထဲမှာ ဆေးရည်လေးတွေက အောက်ခြေမှာအနည်ထိုင်နေခြင်းက ကုန်ခါနီးအခြေအနေတစ်ခုကိုအချက်ပြနေသည်... ပုံမှန်တော့ ၂ ရက် ၃ ရက် လောက်သုံးလို့လောက်ပေမယ့် နှစ်ယောက်မျှသုံးရမယ့်အခြေအနေတစ်ခုမှာတော့ ဆော့ဂျင်အနည်းငယ်တွေဝေသွားသည်... ဒါပေမယ့် အခုအချိန်မှာကတော့ အရေးအကြီးဆုံးက ဂျီမင်တစ်ယောက်တည်းပဲ...

Under the Blue Moonlight A,B,O [Completed ✔]Where stories live. Discover now