Part 8 🌙

2.1K 365 87
                                    

လက်ရှိအခြေအနေတွေအရ ဂျီမင့်ရဲ့မဟာအမှားကြီးတစ်ခုကတော့ ဆော့ဂျင်ကိုမစောင့်ခိုင်းလိုက်မိခြင်း... သွားမယ့်လမ်းခြင်းတူနေသော်ငြား ဆော့ဂျင်က အတန်းတွင်း assignment ကို စောစောစီးစီးတင်လိုက်နိုင်တာကြောင့် သူ့ကိုစောင့်မနေပဲ အရင်သွားနှင့်ခိုင်းလိုက်တာဖြစ်သည်...

ဟိုးအရင်တုန်းကလည်း တစ်ယောက်တည်း ကျောင်းတက်နေကျဖြစ်ပေမယ့် ဆော့ဂျင်ကသူငယ်ချင်းတစ်ယောက်အဖြစ်အနားကိုရောက်လာခဲ့သည့်နောက်ပိုင်း ဆော့ဂျင်အပေါ်အားကိုးမိတာတော့အမှန်ပင်... ငရဲသဖွယ်ကျောင်းတက်ရက်များသည် ဆော့ဂျင်ကြောင့်သာပျောက်ပျယ်ကုန်ပြီး လွတ်လပ်တဲ့ကျောင်းသားဘဝဆိုတာကိုခံစားနိုင်ခဲ့သည်... အခုတော့ ဆော့ဂျင်အနားမှာခဏလေးမရှိသည်နှင့်တောင် နောက်ကျောမလုံသလိုခံစားရတာကြောင့် assignment ကိုမြန်မြန်တင်ပြီး Theatre ထဲကနေ ခပ်သုတ်သုတ်ထွက်ခဲ့လိုက်သည်... ကျောင်းထဲမှာတောင် ကျောင်းသားကများများစားစားမရှိတော့...

သူတစ်ယောက်တည်း အားကစားကွင်းထဲကနေဖြတ်မသွားရဲ... ဆော့ဂျင်ကအမြဲတမ်းသတ္တိရှိလာအောင် သန်မာလာအောင် စိတ်ဓာတ်ခွန်အားတွေပေးနေပေမယ့် တစ်ယောက်တည်းကျတော့ ဒီလောက်ထိမရဲတင်းနိုင်သေးပါ... ဟိုးအရင်ကသူ့ရဲ့ပုံစံအတိုင်း ကျောင်းထိပ်ကိုရောက်အောင်သွားဖို့ အသွားအလာများတဲ့ကျောင်းလမ်းတွေကနေ မြန်မြန်ရောက်တဲ့နည်းထက် လူအသွားအလာနည်းတဲ့ ကျောင်းဆောင်တွေနောက်ကနေ ကွေ့ပတ်သွားဖို့သာ ဆုံးဖြတ်လိုက်သည်...

ခြေလှမ်းကျဲများဖြင့် ခေါင်းကိုငိုက်စိုက်ချကာ ကျောင်းထိပ်ကိုအမြန်ဆုံးရောက်အောင် ရည်ရွယ်ထားလိုက်၏... ဒါပေမယ့် အဆောင်နှစ်ခုကိုကူးတဲ့ လမ်းကြားလိုနေရာကို ချိုးလိုက်သည်နှင့် ခြေလှမ်းများတုန့်ခနဲရပ်တန့်သွားရတော့သည်... ကျားရှေ့မှောက်လျက်လဲတဲ့အဖြစ်ထက် ပိုဆိုးတဲ့ကိုယ့်အဖြစ်ကိုယ် စိတ်ပျက်မိရင်း ဒီနေ့ကပြဿဒါးနေ့အကြီးစား ဖြစ်မယ်ထင်သည်... စိတ်ပျက်တာရယ်၊ ကြောက်ရွံတုန်လှုပ်တာရယ် ရောပြွန်းလျက် ခြေလှမ်းတွေကိုနောက်ပြန်ဆုတ်မယ်လုပ်တော့ သူ့ဆီကိုလျှောက်လာပြီဖြစ်တဲ့ဂျက်ဖရီ...

Under the Blue Moonlight A,B,O [Completed ✔]Wo Geschichten leben. Entdecke jetzt