တရွတ်တိုက်ဆွဲခေါ်ခံရသည်အထိမဟုတ်ပေမယ့် လူကောင်ထွားထွားကြီးနှစ်ယောက်အလယ်မှ "ထိုသူ"မှာ လမ်းလျှောက်ဖို့အတွက်တောင် ခက်ခဲနေပုံ... လက်ဆစ်တွေမှာပေါက်ပြဲထားတဲ့ဒဏ်ရာတချို့... မျက်ခုံးထောင့်တွေ၊ ပါးရိုးနေရာတွေ၊ နှုတ်ခမ်းထောင့်တွေမှာလည်း ပေါက်ပြဲဒဏ်ရာတွေ၊ ဖူးယောင်ညိုမဲစွဲနေသည့်ဒဏ်ရာတွေ... အဆိုးဆုံးကတော့နဖူးစပ်နားမှ နီရဲရဲသွေးတွေမှာ နားထင်ကနေတဆင့် ပါးပြင်ပေါ်ကိုစီးကျကာ ခြောက်ကပ်နေလေပြီ...
ဆွဲခေါ်ခံလာရသော "ထိုသူ"၊ ဖြည်းဖြည်းချင်းစီ အနားကိုနီးကပ်လာလေ ဆော့ဂျင်တစ်ကိုယ်လုံးအေးစက်တောင့်တင်းလာကာ အသက်ရှူနှုန်းတွေနှလုံးခုန်သံတွေ မြန်ဆန်လာလေ... အာရုံတွေပြန်လွင့်နေသည့်ခံစားချက်မျိုးနဲ့အတူ ကိုယ့်ကိုယ်ကိုတောင်မသိလိုက်ပဲ ဖြည်းဖြည်းချင်းနောက်ကိုဆုတ်သွားမိသည်...
"ဂျွန်.. ဂျွန်ဂျောင်ကု..."
နှုတ်ခမ်းလေးလှုပ်ရှားသွားရုံလေးသာ ထိုနာမည်ကိုနှုတ်ဖျားကခေါ်လိုက်သည်...
သတိရှိနေသေးပေမယ့် ခေါင်းငိုက်စိုက်ကျနေလေသောထိုကောင်လေးအား ခပ်တွေတွေလေးငေးနေသော သားဖြစ်သူကို ကင်မ်ဂျောင်ဟိုက စူးရဲစွာစိုက်ကြည့်အကဲခတ်နေသည်... ထို့နောက် ကင်မ်ဂျောင်ဟိုကအချက်ပြလိုက်သည်နှင့် လူကောင်ထွားထွားနှစ်ဦးက ဂျောင်ကုအားကြမ်းပေါ်တွင်ဒူးထောက်ထိုင်စေလိုက်သည်...
ဂျောင်ကုကကြမ်းပြင်ပေါ်မှာ ခပ်ကျုံ့ကျုံ့ဒူးထောက်ထိုင်နေရင်း ဖြည်းဖြည်းချင်းစီခေါင်းထောင်လာကာ တစ်စုံတစ်ယောက်ကိုရှာနေလေသည်... အခန်းထဲမှာရှိတဲ့သူတွေတစ်ယောက်ပြီးတစ်ယောက်ကို မှေးစင်းနေသောမျက်လုံးတွေက မနည်းအားယူကာလိုက်ရှာနေ၏... အခန်းထောင့်နားက တစ်စုံတစ်ယောက်ကိုမြင်လိုက်တော့မှ နှုတ်ခမ်းထောင့်လေးကွေးကာပြုံးလိုက်ပြီး အကြည့်တို့ကိုလေးပင်စွာဖြင့် ကြမ်းပြင်ဆီသို့သာပြန်ပို့ထားလိုက်သည်...
"နောက်တစ်ကြိမ်ထပ်မေးမယ်ကင်မ်ဆော့ဂျင်... ဒီကောင်လား...ဟုတ်မဟုတ်ပဲဖြေ..."
"......."
"ပြီးတော့ဒီကောင်... မိုက်ရူးရဲဆန်ပြီးရိုင်းစိုင်းတဲ့ဒီကောင်ကို ဒီအတိုင်းကျော်သွားပေးဖို့စိတ်ကူးမရှိဘူး... ရာရာစစကင်မ်ဂျောင်ဟိုရဲ့သားကို ဒီလိုကျူးလွန်ပြီးမိုက်ရိုင်းရဲတာ..."
BINABASA MO ANG
Under the Blue Moonlight A,B,O [Completed ✔]
Werewolfငါတို့ပြန်ဆုံကြမယ်... အခုဘဝမှာရော... နောက်ထပ်ဘဝတွေတိုင်း ဒီအပြာရောင် လမင်းကြီးရှိနေသ၍ ပြန်ဆုံကြမယ်... နောက်ထပ်ပြန်ပြီးမွေးဖွားလာမယ့်ဘဝတိုင်း... အမြဲတမ်းအတွက် ဒီနေရာမှာပြန်ဆုံကြမယ်... 🌙🌙🌙 Start Date : 26.4.2022