ဂျွန်ဂျောင်ကုဆိုတဲ့တစ်ယောက် အခုတလောဘာဖြစ်နေမှန်းမသိ... စီနီယာဂျယ်ဟွမ် တို့ရဲ့ရှေ့မှာ ရန်ဖြစ်မလိုတွေ ဖြစ်သွားခဲ့သည့်နောက်ရက်ကစပြီး ဂျွန်ဂျောင်ကုကထူးဆန်းနေခဲ့သည်...
ဒီအတောအတွင်းက မကျေနပ်ခြင်းတွေခံပြင်းသည့်စိတ်တွေ အားလုံးပေါင်းပြီး အနည်းငယ်လွန်သွားသလိုရှိတာကိုသိပေမယ့် တောင်းတော့မတောင်းပန်နိုင်... မကျေနပ်ခြင်းတွေကို ပေါက်ကွဲပစ်ဖို့အခွင့်အရေးမျိုး သူ့မှာလည်းရှိသင့်သည်... ဘာပဲဖြစ်ဖြစ် ထိုသူလုပ်ခဲ့တာတွေထက်စာရင် ဒါကအသေးအမွှားလေးပဲလေ...
ထိုနေ့မနက်က ကျောင်းသွားခါနီးမှာတော့ အမြဲတမ်းမျက်လွှာချအကြည့်လွှဲထားခဲ့သော ထိုသူရဲ့မျက်နှာကိုမသိမသာလေး တစ်ချက်အကဲခတ်ကြည့်မိ၏... ထိုသူဂျွန်ဂျောင်ကုက ပြုံးစိစိမျက်နှာထားနှင့် သူ့ဆီကိုစိုက်ကြည့်နေနှင့်ပြီးသား... ထို့ကြောင့်အကြည့်ကို အလျင်အမြန်လွှဲလိုက်ရသည်... ဖျက်ခနဲလေးပဲဆိုပေမယ့် ဂျွန်ဂျောင်ကုက တစ်ခုခုရယ်စရာရှိနေတာကို ချုပ်တည်းထားသည့်မျက်နှာမျိုး...
ထိုနေ့တစ်ရက်တည်းနဲ့တင်မပြီးသေး...နောက်ရက်တွေ နောက်ရက်တွေမှာလည်း အကြည့်ချင်းမဆုံလိုက်နဲ့ ခပ်ပြုံးပြုံးရုပ်ကြီးကဖြစ်နှင့်နေပြီးပြီ...
အရင်ကလောက်မတင်းမာတော့သော ဆက်ဆံရေးလေးတွေမှာ တစ်စနဲ့တစ်စနီးစပ်၍လာသည်ဟု တွေးမိလိုက်လျှင် ဆော့ဂျင်ရင်ဘတ်ထဲမှာ ရေနွေးစီးကြောင်းတစ်ခုဖြတ်ပြီး စီးဆင်းသွားသလိုပင်... နီးစပ်လာသည်ဟူသောခံစားချက်ကို လက်မခံနိုင်သေးပါ... ထို့အတူ မကြာခဏတွေးပေး၊ ပူပေးနေမိတဲ့ စိုးရိမ်စိတ်ကြောင့် ကိုယ့်စိတ်ကိုကိုယ်မထိန်းကွပ်နိုင်သည်မို့ မချိတင်ကဲဖြစ်မိသည်...
တစ်ကယ်တော့ ဂျောင်ကုအပေါ် တေးထားသည့် အမုန်းတရားကြီးကြီးမားမားတွေ မရှိတော့သည်မှာကြာခဲ့ပြီ...
ဒီလိုပဲ အတူတူရှိလာတဲ့ တစ်လကျော်အချိန်အတွင်းမှာ စကားတစ်ခွန်းလေးမျှတောင်သေသေချာချာမပြောဖြစ်ခဲ့ကြပေမယ့် ရင်းနှီးလာတယ်ဆိုတာကတော့ ဝန်မခံချင်ပေမယ့်လက်ခံပေးရလိမ့်မည်... ညဘက်ဆိုလျှင် ဘယ်လောက်ပဲမိုးချုပ်နေပါစေဂျောင်ကုရဲ့ ဆိုင်ကယ်စက်သံလေးကိုကြားပြီးတော့မှ ဆော့ဂျင်စိတ်ချလက်ချအိပ်ယာဝင်တတ်သည်...
CZYTASZ
Under the Blue Moonlight A,B,O [Completed ✔]
Wilkołakiငါတို့ပြန်ဆုံကြမယ်... အခုဘဝမှာရော... နောက်ထပ်ဘဝတွေတိုင်း ဒီအပြာရောင် လမင်းကြီးရှိနေသ၍ ပြန်ဆုံကြမယ်... နောက်ထပ်ပြန်ပြီးမွေးဖွားလာမယ့်ဘဝတိုင်း... အမြဲတမ်းအတွက် ဒီနေရာမှာပြန်ဆုံကြမယ်... 🌙🌙🌙 Start Date : 26.4.2022