Part 16 🌙

2.1K 345 96
                                    

အရေးကြီးပုဂ္ဂိုလ်များနှင့်တွေ့ဆုံခွင့်ရမယ့် ပထမဆုံးညစာစားပွဲကို ဆော့ဂျင်ပြီးဆုံးသည်အထိရှိမနေဖြစ်ခဲ့ပါ... ရလဒ်ကတော့ ပထမဆုံးအကြိမ်အခွင့်အရေးပေးလိုက်မိတဲ့ ဖခင်ဖြစ်သူနှင့်ကတောက်ကဆဖြစ်ရခြင်းပင်...အခြေအနေတစ်ခုကြောင့် ဒီလိုဖြစ်ရသည်ကိုရှင်းပြသော်လည်း နားလည်ပေးခြင်းမျိုးမရှိ... ဂျက်ဆန် Hyung အကျိုးသင့်အကြောင်းသင့် ကူညီပြောဆိုပေးတော့လည်း လက်ခံပေးတာမျိုးမရှိပြန်...

ပြဿနာကတော့ နောက်ကျမှရောက်လာသော အကြီးစားရင်းနှီးမြုပ်နှံသူနိုင်ငံခြားသားနှစ်ဦးနှင့် တွေ့ဆုံမိတ်ဆက်ဖို့ပျက်ကွက်ခဲ့လေခြင်းကြောင့်ပင်... ဘယ်လောက်အရေးကြီးသူတွေဆိုတာ ဆော့ဂျင်မခန့်မှန်းတတ်သော်လည်း အာပါးကတော့နဂိုတည်တံ့နေတတ်တဲ့ မျက်နှာမှာပိုပြီးတည်တင်းလျက်ရှိသည်... ခပ်ထင်းထင်းမျက်ခုံးနှစ်ဖက်သည်လည်း တစ်ခုနှင့်တစ်ခုထိလုမတတ် စုကျုံ့ထား၏...

အစကတော့ ဖခင်ဖြစ်သူ စိတ်နည်းနည်းလေးကွက်သွားမှာကိုတောင်မလိုလားသူမို့ အဖြစ်အပျက်ကိုလက်ခံစေရန် တတ်နိုင်သလောက်ရှင်းပြသည်... ဒါပေမယ့် ဘယ်လိုပဲရှင်းပြနေပါစေ "စိတ်ပျက်ဖို့ကောင်းတယ်" ဆိုတဲ့စကားတစ်ခွန်းကိုသာ အဆုံးသတ်မှာလက်ခံရရှိသည်... ထို့နောက်အဖေဖြစ်သူက ဘာစကားမှထပ်ပြောတာမျိုးမရှိတော့ပဲ အားလုံးကိုလျစ်လျူရှုထားကာ ဝင်လာတဲ့ report တွေကိုသာ email စစ်နေ၏... ဆော့ဂျင်ကတော့ ရှေ့တည့်တည့်မှာရပ်နေတုန်း...

"အာပါး... ဒီလိုမဟုတ်ပဲ... တစ်ခုခုအခွင့်အရေးပြန်ပေးပါ... ကျွန်တော်ရအောင်လုပ်ပါ့မယ်... ဒါပေမယ့်စိတ်ပျက်တယ်ဆိုတဲ့စကားကိုတော့ ပြန်ရုတ်သိမ်းပေးပါ..."

စာကြည့်မျက်မှန်အောက်ကနေ မျက်လုံးကိုတစ်ချက်လှန်ကြည့်သည်... ထိုင်ခုံနောက်ကိုကျောမှီထိုင်ချလိုက်ရင်း...

"စိတ်ပျက်တယ်ဆိုတာ အခုမှကြားဖူးတာလား..."

ဆော့ဂျင်ခေါင်းကိုငုံ့ထားရင်း အိမ်တွင်းစီးဖိနပ်ဖြူဖြူလေးရဲ့ထိပ်ကိုသာ စိုက်ကြည့်နေသည်... ဒီစကားကအမြဲတမ်းကြားနေကျမို့ ရိုးအီနေပြီဖြစ်သောစကား... အခုတစ်ခေါက်ကသူ့အပြစ်မကင်းတာကြောင့် စိတ်ထဲမကောင်းပါ...

Under the Blue Moonlight A,B,O [Completed ✔]Where stories live. Discover now