Part 21 🌙

2.3K 352 83
                                    

ဆော့ဂျင်အဖေနဲ့ပက်သက်လို့ ခန့်မှန်းချက်ကမမှားခဲ့... တစ်ပတ်ခန့်အဆက်အသွယ်ဖြတ်ထားခဲ့သော သားဖြစ်သူအားသံသယအနည်းငယ်ရှိလေခဲ့ပြီ...

ညနေဘက်ရောက်တော့ ဆော့ဂျင်နေတဲ့အိမ်ကို ဂျက်ဆန်ပထမဆုံးအကြိမ်ရောက်လာ၏... သေချာတာကတော့ အကင်းပါးလွန်းပြီးထက်မြက်တဲ့ Hyung ကို အာပါးကလွှတ်လိုက်ခြင်းသာဖြစ်မည်...

ငယ်ငယ်ကတည်းက ဆော့ဂျင်အပေါ်မှာ အလိုလိုက်ခဲ့သည် ဦးစားပေးအနစ်နာခံခဲ့သူ... ဒါပေမယ့် အာပါးနဲ့ ဆော့ဂျင်ထဲက တစ်ယောက်ယောက်ကိုပဲ မဖြစ်မနေရွေးချယ်ရမည်ဆိုပါက Hyung ၏ရွေးချယ်မှုသည် သေချာပေါက် ကျေးဇူးရှင်ဖြစ်သော အာပါးသာဖြစ်လိမ့်မည်... တစ်နည်းပြောရရင် အာပါးရဲ့အကြွင်းမဲ့ယုံကြည်ရပါသော လူယုံတစ်ယောက်... Hyung က အာပါးအပေါ် ဖုံးကွယ်ပေးခြင်း ထိန်ချန်ပေးခြင်းမျိုးကို လုံးဝလုပ်မည့်သူမျိုးမဟုတ်ပါ...

"Hyung လာလေ... ကျွန်တော်တောင်အခုတလော အပျင်းတစ်နေတာနဲ့ပဲ အာပါးခိုင်းထားတာတွေ report တင်ဖို့နောက်ကျနေတာ... သူငယ်ချင်းတွေနဲ့အတူတူနေဖြစ်တော့ ကျောင်းကပြန်တာနဲ့ နည်းနည်းပါးပါးသောက်ဖြစ်တယ်ပေါ့ဗျာ... အာပါးကိုပြန်မတိုင်ရဘူးနော် Hyung..."

ပေါ့ပေါ့ပါးပါးလေးပဲ ဆော့ဂျင်ပြောလိုက်သည်... ဂျက်ဆန်ကတော့ တစ်ချက်သာပြုံးကြည့်ရင်း အိမ်ထဲကိုအကဲခတ်သလို ဝေ့ဝိုက်ကာလိုက်ကြည့်နေသည်... ဂျီမင်ကဂျက်ဆန်ကို ဧည့်သည်တစ်ယောက်လာသည့်နှယ် ပြုံးပြကြိုဆိုလိုက်ပေမယ့် ထယ်ယောင်းကတော့အကြည့်ချင်းဆုံအောင်တောင်မကြည့်ပဲ ထိုင်လက်စနေရာမှာသာ ခပ်တည်တည်ထိုင်မြဲထိုင်နေသည်...

"ကျောင်းကပြန်တဲ့အခါသောက်ဖြစ်ကြတယ်ဆိုတော့ ဆော့ဂျင်ကကျောင်းရောတက်လို့လား... ပြီးတော့ Alpha တွေနဲ့ပါ အပေါင်းအသင်းလုပ်နေပြီလားဆော့ဂျင်... မျက်နှာကိုသူတို့ရှေ့မှာ ဖုံးကွယ်မထားရလောက်အောင်ကို ခင်မင်နေတာပဲ..."

သူကျောင်းမတက်ဖြစ်တာတွေကို Hyung ကသိနေသည်... ဘယ်လောက်အတိုင်းအတာအထိ...

"အာ Hyung... မထင်ထားဘူး Hyung တို့က ကျွန်တော်ကျောင်းပြေးတာလည်းသိနေခဲ့တာပဲ... တစ်ကယ်တော့ကျွန်တော်ကျောင်းမတက်ဖြစ်ဖူး... ဘာလို့ဆို ကျွန်တော်ဟိုလိုကာလဖြစ်နေလို့ပါ..."

Under the Blue Moonlight A,B,O [Completed ✔]Donde viven las historias. Descúbrelo ahora