Part 36 💜

3K 370 168
                                    

တခြားသူငယ်ချင်းတွေ ဘယ်လိုပုံစံနှင့် Bar တွင်ကျန်ခဲ့ကြသလဲမမှတ်မိ... အာရုံထဲမှဝိုးတဝါးမှတ်ဥာဏ်မှာဆော့ဂျင်ရဲ့ညှင်သာစွာ ချော့မြူနေတဲ့အသံသေးသေးလေး၊ ထင်ရှားတဲ့လာဗင်ဒါရနံ့ နဲ့အတူ နွေးထွေးလုံခြုံမှုအရှိဆုံး ခန္ဓာကိုယ်ငယ်လေးရဲ့ပိုက်ထွေးထားပေးမှု...

သူတဖြည်းဖြည်းချင်းစီ တည်ငြိမ်လာခဲ့၏...

တည်ငြိမ်သွားတာနှင့် အာရုံကိုစုစည်းဖို့ကြိုးစားကာ မျက်လုံးတွေမှေးစင်းပြီးစူးစမ်းမိသည်... သောင်းကြမ်းပစ်လိုက်တဲ့ ၂ မိနစ် ၃ မိနစ်အချိန်လေးအတွင်းမှာ ထိုနေရာတဝိုက်ကရစရာမရှိတော့... နမ်ဂျွန်းတို့ကို ဆော့ဂျင်ကတစ်ခုခုမှာနေတဲ့အသံတိုးတိုးကို မသဲမကွဲကြားနေရပေမယ့် ခန္ဓာကိုယ်မှာလှုပ်ရှားနိုင်ခြင်းမရှိသေး... ကိုယ့်ခန္ဓာကိုယ်ကိုတောင် သယ်လို့မရနိုင်တော့လောက်အောင် အင်အားတွေကုန်ခမ်းနေပြီမို့ ဆော့ဂျင်အပေါ်ကိုသာအားပြု မှီချထားလိုက်ပြီး မျက်လုံးတို့ကိုလုံးဝမှိတ်ထားလိုက်သည်...

"နမ်ဂျွန်း... ငါထယ်ယောင်းနဲ့ဂျီမင့်ကိုပါ ခေါ်သွားလိုက်တော့မယ်... ဒီနေရာနဲ့ပက်သက်သမျှ မင်းကိုအပ်ခဲ့မယ်နော်... အဖြေတစ်ခုခုထွက်လာမှာပါ... ဒါကပုံမှန်ဖြစ်သွားတဲ့ ကိစ္စတော့မဟုတ်ဘူး..."

ယွန်းဂီကတော့ စားပွဲဝိုင်းထောင့်နေရာ အပျက်အစီးတွေကြားမှာရှိနေတဲ့ ဂျောင်ကုအန္တရာယ်ပြုလုဆဲဆဲမိန်းကလေးကို တစ်ခုခုချော့မေးနေပုံရသည်...

"အင်း ဆော့ဂျင်...‌ ငါသေချာစုံစမ်းထားလိုက်မယ်... ဂျောင်ကုနောက်တစ်ကြိမ်ထပ်ပြီး သောင်းကြမ်းရင်မင်းတို့နိုင်ပါ့မလား... ထယ်ယောင်းကလည်းဒဏ်ရာ..."

"ဂျောင်ကုကိုစိတ်မပူနဲ့... ဒီနေရာကိုသာသေချာဂရုစိုက်ပေးပါ..."

"အင်း... ဂရုစိုက်..."

ဂျီမင်ကဆော့ဂျင်ကိုကူပြီး ဂျောင်ကုအားကူတွဲပေးပြီး ကားပေါ်ကိုခေါ်လာလိုက်သည်... ဆော့ဂျင်က ကားမောင်းသူနေရာတွင်နေရာယူလိုက်ပြီး ကားနောက်ခန်းကသူတွေ အဆင်ပြေမပြေတစ်ချက်လှည့်ကြည့်လိုက်ပြီး စတီယာတိုင်ကိုကိုင်လိုက်၏... လက်ဖဝါးကဒဏ်ရာကို လက်ကိုင်ပဝါတစ်ခုနဲ့ ဖြစ်ကတတ်ဆန်းစည်းနှောင်ထားလိုက်ပေမယ့် ကားမောင်းတဲ့အခါမှာတော့ နာကျင်လာသည်ကြောင့် ကားစတီယာတိုင်ကို ဖွဖွသာသတိထားကိုင်ရသည်...

Under the Blue Moonlight A,B,O [Completed ✔]Donde viven las historias. Descúbrelo ahora