Part 29 🌙

2.2K 366 80
                                    

ညမှာသဘာဝဆန်ဆန် အသက်ဝင်နေသည်...

အလင်းရောင်ရရုံ ထွန်းထားသောမီးအိမ်ငယ်လေးမှ အဝါရောင်အလင်းလေးမှုန်ပြပြ... မြက်ပင်ရှည်တွေပေါ် တင်ကျန်နေသည့်ဆီးနှင်းရည်တို့နှင့်အတူ ပတ်ဝန်းကျင်ကစိုစွတ်စွတ်ကလေးဖြစ်နေလေသည်... ထို့အတူ တစ်ချက်တစ်ချက်ကျီစယ်တိုက်ခတ်သွားသည့် အေးစိမ့်စိမ့်လေပြေတို့ကြောင့် အနည်းငယ်ချမ်းစီးစီး...

ဒါပေမယ့် ဒီနေရာကနေ အိမ်ပြန်ချင်သည့်စိတ်ကတော့ နည်းနည်းမှရှိမနေခဲ့ပါ... ဂျောင်ကုပြောတဲ့ ၁၂ နာရီအချိန်မှာ အလှပဆုံးသောညမြင်ကွင်းကို စောင့်ကြည့်ချင်၍လား... ဂျောင်ကုနားထောင်ပေးပါလို့ တောင်းဆိုထားသည့်အကြောင်းအရာတို့ကို မဖြစ်မနေနားထောင်ချင်သည်ကြောင့်လား... ဒါမှမဟုတ် ဒီနေရာမှာဂျောင်ကုနဲ့အချိန်ရသလောက် အတူတူရှိနေချင်မိလို့လား... ဝင်လာသောအတွေးပေါင်းစုံကိုနှင်ထုတ်လိုက်ပြီး ခပ်နွေးနွေးလေးရှိနေသေးသော လက်ဖက်ရည်ကြမ်းကို ကုန်အောင်မော့သောက်လိုက်သည်...

"အေးနေပြီလား..."

"ရပါတယ်..."

ရပါတယ်လို့သာပြောနေတာ ဆော့ဂျင်ရဲ့ နားရွက်ဖျားလေးတွေ နှာခေါင်းထိပ်ကလေးတွေက ခပ်ရဲရဲလေး... အခုနေ နှာခေါင်းထိပ်လုံးလုံးလေးကို ထိကိုင်ကြည့်ရင် သေချာပေါက်အေးစက်စက်ဖြစ်နေမှအသေအချာ...

ဂျောင်ကုက လွယ်အိတ်ထဲကနေ စောင်အသေးလေးတစ်ထည်ကို အသားချင်းမထိအောင်ဂရုစိုက်လျက် ပခုံးကနေခြုံပေးလိုက်သည်... တစ်ချက်တော့လန့်သွားပုံရပေမယ့် ဆော့ဂျင်ကမငြင်းဆန်ပဲ ထိုစောင်လေးအား သူ့တစ်ကိုယ်လုံးလုံအောင် ဆွဲခြုံလိုက်လေသည်... တဖြည်းဖြည်းရွေ့လျားလာသည့် အချိန်တွေနှင့်အတူ အစွမ်းကုန်လုံးဝန်းပြည့်တင်းနေသည့်လမင်းကြီးသည်လည်း ဖြည်းဖြည်းချင်းစီ ခေါင်းပေါ်တည့်တည့်နေရာကို ရောက်လာလေသည်...

"လှဲအိပ်ပြီးကြည့်ရင် တစ်ကယ်လှတာ..."

ဘေးနားကဂျောင်ကုကို လှည့်ကြည့်လိုက်တော့ စောင်အပါးလေးကို မြေပေါ်မှာခင်းနေသည်...

"လာ... လှဲကြည့်..."

ဂျောင်ကုကခင်းထားသည့် စောင်အပါးလေးပေါ်ကို လက်နဲ့ပုတ်ပြလိုက်ရင်း သူကိုယ်တိုင်ကတော့ဘေးကိုဖယ်ပေးလာ၏... ဆော့ဂျင်လည်းလွယ်အိတ်လေးကို ခေါင်းအုံးအနေနဲ့အသုံးပြုလိုက်ကာ ဂျောင်ကုပြောသလိုလှဲအိပ်လိုက်သည်... အနည်းငယ်အေးစိမ့်စိမ့်ဖြစ်နေပေမယ့် စောင်အပါးလေးက အချမ်းဓာတ်ကိုလျော့ပါးစေပါ၏... ဂျောင်ကုကတော့ မြက်ပင်လေးတွေကျိုးတို့ကျဲတဲပေါက်နေသည့် မြေကြီးပေါ်မှာသာခြေထောက်နှစ်ဖက်ကို ဆင်းလို့ထိုင်နေသည်... ခန္ဓာကိုယ်ကိုခပ်လျောလျောထိုင်ကာ လက်နှစ်ဖက်ကနောက်မှာထောက်ထားလေ၏...

Under the Blue Moonlight A,B,O [Completed ✔]Donde viven las historias. Descúbrelo ahora