Part 14 🌙

2.1K 365 128
                                    

"ဂျင်လေး... ခေါင်းဆောင်ဆီကဖုန်းဝင်လာပါတယ်... ဂျင်လေးဖုန်းမကိုင်လို့တဲ့..."

ဦးလေးကြီးချွဲက ဆော့ဂျင်ရဲ့ကိုယ်ပိုင်အချိန်တွေကို အနှောင့်အယှက်ပေးလေ့မရှိ... ဒါပေမယ့် အခုကတော့ ခေါင်းဆောင်ကင်မ်ဂျောင်ဟိုဆီကဖုန်းဖြစ်တာကြောင့် ဆော့ဂျင်ကိုဖုန်းပြောဖို့သွားပေးရုံကလွဲလို့ တခြားနည်းလမ်းမရှိခဲ့...

"ဂျင်လေး..."

သူ့အားဖုန်းအတင်းထိုးပေးနေသော ဦးလေးကြီးချွဲကိုတစ်ချက်ကြည့်လိုက်သည်... ထို့နောက် တင်းနေအောင်ဆွဲထားပြီးသော လေးကြိုးအားပိုတင်းအောင်ဆွဲပစ်လိုက်ပြီး ပစ်မှတ်ဆီကိုတည့်တည့်ချိန်ရွယ်လိုက်၏... လေကိုတစ်ချက်ရှူထုတ်လိုက်ပြီးတဲ့နောက် လေးကြိုးကိုလွှတ်ပေးလိုက်တော့ မြှားလေးမှာပစ်မှတ်ဆီသို့ လေ၏အရှိန်အတိုင်းတစ်ဟုန်ထိုး...

"ဒုတ်!!!!!!"

အရှိန်များများနဲ့ပစ်လွှတ်လိုက်သောမြှားလေး ပစ်မှတ်ကိုထိမှန်သွားတဲ့အချိန် မြှားရဲ့နောက်ဖက်ပိုင်းလေးမှာယမ်းခါနေသည်...

ဆော့ဂျင်နောက်ထပ်မြှားတစ်ချောင်းအား မြှားတွေစုထည့်ထားသောဗူးလေးထဲမှ ထပ်ပြီးယူလိုက်၏...

"သခင်လေးဂျင်..."

ရယ်ချင်တာကိုဆက်ထိန်းထားရင်း ဦးလေးချွဲကိုမသိမသာကြည့်သည်... ဦးလေးချွဲကလက်ထဲကဖုန်းလေးကို လှုပ်ပြလာ၏...

"ကယ်... ကယ်... မိန့်စေဗျား..."

"ခေါင်းဆောင်ဖုန်းဆက်နေတယ် သခင်လေးဂျင်..."

"ဘယ်သူလဲ ကင်မ်ဂျောင်ဟိုလား... အခေါ်ရှိတဲ့အခါတိုင်း အားမနေနိုင်ဘူးလို့ပါပြောလိုက်ကွာ..."

ခပ်တည်တည်မျက်နှာထား ပိုင်ဆိုင်ထားသောဦးလေးချွဲမှာ သခင်လေးဂျင်ရဲ့ဒရမ်မာကိုကြည့်ရင်း ရယ်ချင်တဲ့စိတ်ကို မနည်းချုပ်ထိန်းထားရဟန်...

"သခင်လေးဂျင်... ဂရမ်မာထဲကစာသားတွေနောက်မှလေ့ကျင့်ကြတာပေါ့... အခုတော့သခင်လေးကိုယ့်ကိုယ်ကိုအရင်စိတ်ပူဖို့လိုတယ်... ကျွန်တော်မျိုးကြီးကဖုန်းကို mute မထားလိုက်မိဘူး..."

Under the Blue Moonlight A,B,O [Completed ✔]Where stories live. Discover now