"အဲ့နေ့ကကိစ္စမှာ မင်းလွန်သွားတယ်မထင်ဘူးလားဆော့ဂျင်..."
ဂျီမင်ကမွေ့ယာပေါ်မှာ ခပ်လျောလျောမှီအိပ်နေရင်း အစမရှိအဆုံးမရှိပြောလာတော့ ဆော့ဂျင်လုပ်လက်စတွေ မသိမသာလေးရပ်တန့်သွားလေသည်...
"သူ...အများကြီးပြောင်းလဲသွားတယ်..."
ဆော့ဂျင်ကတုန့်ပြန်မှုမရှိ... မကြားသည့်ဟန်သာပြုထားသည်...
"ခဏခဏမပြောနဲ့ကွာ... ငါစိတ်မရှည်တော့ဘူး... မင်းကိုငါနေမကောင်းလို့သာ လွှတ်ထားပေးတာ အကောင်းမှတ်မနေနဲ့..."
ထိုအခါ ဂျီမင်ကတဟားဟားအော်ရယ်ကာ...
"မင်းအသံကလေအခန်းထဲကနေတောင်မှ စူးနေအောင်ကြားရတယ်... အသံကိုပြာအောင်အထိဘယ်လိုများအော်လိုက်တာလဲ..."
"ရားးးးးး"
"ငါ့အပေါ်ဂရုတစိုက်နဲ့ စိုးရိမ်ပေးတာကိုသဘောကျပေမယ့် အဲ့နေ့ကကိစ္စကတော့မင်းလွန်တယ်..."
"မင်းကဘာလဲ... ဂျွန်ဂျောင်ကုရဲ့ရှေ့နေလား..."
"ရှေ့နေတာတွေ နောက်နေတာတွေမသိဘူး... ပက်ခ်ဂျီမင်တို့ကမှန်ရာကို ကိုယ်မြင်တဲ့အတိုင်းပဲပြောတတ်တယ်... အဟက်... အရင်တုန်းက ဂျွန်ဂျောင်ကုစိတ်နဲ့သာဆိုရင် မင်းတစ်စစီဖြစ်နေလောက်ပြီ ငါ့သူငယ်ချင်းလေး... ကျွတ် ကျွတ်..."
ဘေးနားမှာလာပြီး တငုံ့ငုံ့အလုပ်တွေရှုပ်ပြနေတဲ့ သူငယ်ချင်းလေးကိုနှစ်သိမ့်သည့်အနေဖြင့် ခေါင်းလုံးလုံးလေးအားအသာပွတ်ပေးလိုက်တော့ ချက်ချင်းလက်ကိုပုတ်ချလေသည်... ဆော့ဂျင်ကတစ်ခုခုမကျေမနပ်ဖြစ်ရင် နည်းနည်းလေးမှအထိမခံ...
"ငါအဲ့နေ့ကတည်းကတောင်းပန်ပြီးပြီ..."
"ဘယ်လိုတောင်းပန်ပြီးတာတုန်း..."
"ဆောရီး လို့ပြောပြီးတော့..."
"အမ်... ဒါပဲလား..."
"တောင်းပန်ပါတယ်ဆို ဆောရီးမပြောလို့ဘာပြောရမှာလဲ..."
"ဟ... အင်္ကျီတွေအကြမ်းပတမ်းသွားဆွဲပြီး မျက်နှာကိုကုတ်ဆွဲပြီးတော့ တောင်းပန်တာက ဆောရီး တဲ့လား..."
STAI LEGGENDO
Under the Blue Moonlight A,B,O [Completed ✔]
Lupi mannariငါတို့ပြန်ဆုံကြမယ်... အခုဘဝမှာရော... နောက်ထပ်ဘဝတွေတိုင်း ဒီအပြာရောင် လမင်းကြီးရှိနေသ၍ ပြန်ဆုံကြမယ်... နောက်ထပ်ပြန်ပြီးမွေးဖွားလာမယ့်ဘဝတိုင်း... အမြဲတမ်းအတွက် ဒီနေရာမှာပြန်ဆုံကြမယ်... 🌙🌙🌙 Start Date : 26.4.2022