uni
ခေတ်လရောင်
သဲနဲ့စကားများပြီး အသိတယောက် clubမှာ သွားသောက်နေတုန်း ကောင်မလေးတစ်ယောက်က သူ့နားရောက်လာလေသည်။" ဟေး ယူ တစ်ယောက်ထဲလား ?"
လှည့်ကြည့်လိုက်တော့
ဆံပင်ရွှေဝါရောင်လေးနဲ့ကောင်မလေးတယောက် ပုံစံက ခေတ်နိုင်ငံခြားမသွားခင်က သဲပုံစံလေးနဲ့တစ်ထပ်တည်း နောက်ကကြည့်ရင် သဲလို့ထင်နိုင်ပေမယ့် သဲက အရပ်ပိုရှည်မယ်ထင်တယ် ဒီကောင်မလေးက ၅' ၅"လောက်ပဲရှိလောက်တယ် သဲက ၅' ၁၁" ခေတ်ထက် ၂"လောက်ပဲ ပုတာမလို့
"ဟေး မ !!!"
" ဟမ် ဘာကိစ္စလဲ"
"အော ် ထွေထွေထူးထူးတော့မဟုတ်ပါဘူး မ က တယောက်ထဲလားလို့ "
"မင်း ငါ့ကို ဘယ်လိုခေါ်လိုက်တာ?"
"အာ ဆောရီးနော် မေက ဒီတိုင်းခေါ်လိုက်တာ "
ကိုယ်က ပြောချင်ရင် ပြန်ပြောမပြောချင်ရင် သောက် အဲ့လိုနဲ့ မိုးလင်းသွားပါလေသည်။
တစ်ညလုံးအတွင်းသူ့အကြောင်းတွေတော်တော်များများသိလိုက်ရတယ်လို့ပြောရမယ် သဲနဲ့တော်တော်တူတာပဲ။ သူ့နမယ်က မေမင်းခ တယ့်။ သူလည်း သဲလိုပဲ သူ့အဖေကုမ္မဏီမှာ အလုပ်သင်ပြန်ဆင်းနေတာ သဲနဲ့တော့ အစပ်စားတာ၊ ချစ်ဖို်ကောင်းတာ၊ အအေးကြိုက်တာ၊ popularဖြစ်တာ၊ တစ်ဦးတည်းသောသမီးလေးမလို့ဆိုးတာ အကုန်တူနေတာပဲ။ အဲ့တာနဲ့ ခေတ်လည်း အကြံတစ်ခုရလိုက်တယ်
မေမင်းခနဲ့ တွဲပီး သဲ သဝန်တိုအောင်လုပ်မယ်ပေါ့။" မေမင်းခ နင်ငါနဲ့တွဲမလား?"
"ဟင်"
"ငါနဲ့တွဲမလားလို့"
"အင်း တွဲမယ်လေ ဟီး "
"အဲ့တာဆို ငါ နဲ့ အိမ်လိုက်ခဲ့"
"ဟင် "
" ငါ့အိမ်မှာလိုက်နေလို့ ပြောတာ လာ အခု နင့်အထုပ်တွေသွားယူမယ် "
...........
တီ တီ !
သဲ ကားသံကြားတာနဲ့လန့်နိုးပြီး ဝရံတာမှာထိုင်နေရာက ကုန်ုးထလိုက်တော့ ခေါင်းက မိုက်ခနဲ။ သေချာပါတယ် မနေ့က ရေချိ်ုးခန်းထဲမှာကြာတာအပြင် ဝရံတာမှာလေးစိမ်းတွေတိုက်တာပါခံရတော့ လူက ဖျားပြီပေါ့။
YOU ARE READING
pain honey?
Romanceမိဘတွေ သဘောတူလို့ မချစ်ဘဲလက်ထပ်ထားတယ့်သူတို့နှစ်ယောက် တစ်ယောက်က ချစ်ပေမယ့် နောက်တစ်ယောက်က မုန်းနေသောအခါ............................ ခေတ်လရောင်သိထားတယ့် သဲသိမ့်ခရဲ့ တဖက်ခြမ်းနဲ့ ခေတ်လရောင်မသိသေးတယ့် တဖက်ခြမ်းက ဘယ်လိုတွေလဲ???????? မိဘတွေ သဘောတူလို့ ...