uni
သဲက သဲသောင်ပြင်ပေါ်မှာ လှဲချလိုက်ကာ မျက်လုံးမှိတ်ထား၏။
koeက မေ့ဆီပြေးသွားပြီး
"မေ ထဦး ဆေးထည့်ရမယ်လေ"
သဲက koeကိုင်ထားတယ့် သူ့လက်မောင်းကို ဆောင့်ရုန်းလိုက်ကာ
"ထားလိုက် မလိုဘူး"
"လိုတယ်လေ မေရာ "
"..........."
koeက မေ့ကို ခွင့်မတောင်းတော့ဘဲ သဲရဲ့အကျီၤလက်ကို ခေါက်တင်လိုက်ပြီး ဒဏ်ရာကို သန့်ရှင်းပေးပြီး ဆေးထည့်လိုက်ကာ ပတ်တီးစည်းပေးလိုက်သည်။
သဲက ထထိုင်လိုက်ပြီး သူယူလာတယ့် ဘီယာပုလင်းအရှည်ကို တစ်ခါတည်းနဲ့ မော့သောက်လိုက်၏။
"အေ့"
koeကတော့ စိုးရိမ်တယ့် မျက်ဝန်းတွေနဲ့ သဲကိုကြည့်နေ၏။
သုံးပုလင်းလုံး ကုန်တော့ သဲက ခဏငြိမ်နေကာ အန်ချလာ၏။
"ဝေါ့! "
"မေ!"
မေ အန်နေတာကို့မြင်တော့ vainရော akaneပါ သူတို့နားရောက်လာကြသည်။ တော်ဝင်ကတော့ မျက်ရည်တွေစို့နေတယ့် မျက်ဝန်းနဲ့ကြည့်နေ၏။
"မေ အဆင်ပြေရဲ့လား"
သဲက အဆင်ပြေတယ်ဆိုတယ့် သဘောနဲ့လက်ကာ ပြလိုက်ပြီး ဆက်အန်၏။
"ဝေါ့"
koe မေအန်တာကို ကြည့်လိုက်တော့ အရည်ကလွဲပြီး ဘာမှမပါပေ။
"ကျစ် မေရာ"
သုံးပုလင်းစလုံး ကုန်အောင် အန်ပြီးတော့ မေက ဗိုက်အပေါ်ပိုင်းကိုဖိထား၏။
"မေ လာ သွားထိုင်ရအောင်"
koeက သဲလက်ကို ကိုင်ဖို့ကြံတော့ သဲက အကိုင်မခံဘဲ vainလက်ကိုဆွဲကာ ထရပ်လိုက်၏။
ပြီးတာနဲ့ သူ့ဘာသာသူ စားပွဲတွေဆီ လျှောက်သွား၏။
koeက သက်ပျင်းချလိုက်ပြီး မေစားဖို့ အနည်းငယ်ပြင်ပေးကာ ဆေးပြင်လိုက်၏။
"မေ အဆင်ပြေရဲ့လား မင်းနေလို့မကောင်းတာကို ဘာလို့မပြောရတာလဲကွာ အခုလဲကြည့် အစာမရှိဘဲ ဘီယာသောက်လိုက်တော့ အစာအိမ်ရောင်နေပြီ"
DU LIEST GERADE
pain honey?
Romantikမိဘတွေ သဘောတူလို့ မချစ်ဘဲလက်ထပ်ထားတယ့်သူတို့နှစ်ယောက် တစ်ယောက်က ချစ်ပေမယ့် နောက်တစ်ယောက်က မုန်းနေသောအခါ............................ ခေတ်လရောင်သိထားတယ့် သဲသိမ့်ခရဲ့ တဖက်ခြမ်းနဲ့ ခေတ်လရောင်မသိသေးတယ့် တဖက်ခြမ်းက ဘယ်လိုတွေလဲ???????? မိဘတွေ သဘောတူလို့ ...