ep 16

1.5K 93 5
                                    

uni

ခုနက ​ခေတ်လ​ရောင်ထသွားတုန်းက သဲ လုပ်သွားတယ့်လုပ်ရပ်​တွေအ​ပေါ် အ​တွေးက ပြန်​ရောက်သွား၏။

" သဲသိမ့်ခ အဲ့လက်အိတ်ကြီး ဝတ်ထားတာ မပူဘူးလား နှစ်ခါတွေ့တာ နှစ်ခါလုံးလက်အိတ်ဝတ်ထားတာတော့ မဟုတ်သေးဘူးလေကွာ ပီးတော့ မင်းမဝတ်ချင်ရင်လည်း အဲ့လက်ထပ်လက်စွပ်ကို ဆိုင်မှာပြပီး ချွတ်လိုက်လေ ခေတ်ပြောတာတော့ မင်းက လက်စွပ်ကြပ်နေလို့ မချွတ်ပဲထားတာဆို"

​သဲက လည်ပင်းက စွဲထားတယ့် ​လော့ကတ်သီး မပါတယ့် ​ငွေ​ရောင်ဆွဲကြိုးကိုအရင် ဖြုတ်ပြီး လက်သန်းကြွယ်မှာစွတ်ထားတယ့် လက်စွတ်ကိုချွတ်ကာ ဆွဲကြိုးထဲ ထည့်ဆွဲလိုက်သည်။

် ညာဘက်လက်အိတ်ကို ချွတ်လိုက်​တော့ ပထမဆုံးမြင်ရတာက အနာမကျက်​သေးတယ့် ဒဏ်ရာများနှင့် အမာရွတ်​ပေါင်းများစွာ။

ဘယ်ဘက်လက်အိတ်ကိုချွတ်လိုက်​တော့ လက်ခုံမှာ ဂျပန်လို စာလုံးနှစ်ခုကို တက်တူးထိုးထားပီး ကျန်တယ့်​နေရာ​တွေက​တော့ အမာရွတ်​တွေ အပြည့်ပင်။

​akane အဖေက ဂျပန်မလို့ သူလည်း akaneဆီက ဂျပန်စကားနည်းနည်းသင်ထားလေသည်။

ဒေစီက လက်မှာထိုးထားတာကိုသေချာကြည့်လိုက်ပီး အသံထွက်ဖတ်ကြည့်လိုက်၏။

"လ ​ရောင် ! " " ဟုတ်တယ်မလား မ "

" အွန်း baeက အတော်ဆုံးပဲ"

" ဟီး အန် ခနနေအုံး လ ရောင်ဆိုတော့ "

ဒေစီစကားမဆုံးခင် သဲက လက်အိတ်ကို ပြန်ဝတ်ကာ လက်စွပ်ကို ချောချောချူချူ ဝတ်လိုက်၏။

" ပြပြီးပြီနော် မ ဒေစီ လရောင်ကိုတော့ ပြန်မပြောစေချင်ဘူးရယ် "

" bae!"

" ဟမ် ဘာလဲ "

" ဘာတွေစဉ်းစားနေတာလဲ မ ခေါ်နေတာကြာပြီ "

"အော် ဒီတိုင််း ဟိုတွေးဒီတွေးပါ ဘာမှ မဟုတ်ပါဘူး"

ခဏကြာတော့ ခေတ်လရောင် မှာထားတာတွေလာချပေးသည်။

မေမင်းခက အစတုန်းက ဒူးရင်းသီး juice မှာထားပေမယ့် အခုမှ ဘာထဖောက်ပီး မသောက်ချင်တော့လည်းမသိ ခေတ်လရောင်ဆီက ချောကလက် နဲ့လဲလိုက်လေသည်။

pain honey? Tempat cerita menjadi hidup. Temukan sekarang