ep 1

6.5K 252 3
                                    

uni

ခေတ်က အကျီၤ အပြာလေး နဲ့ဂျင်းနက်တွဲဝတ်ကာ ဆံပင် ပန်းရောင်ကို အဖြူနဲ့ hightlightဖောက်ထားပြီး ခေတ်မိဘတွေနဲ့အတူ သဲတို့အိမ်ရောက်လာ၏။

သဲတို့အိမ်ရောက်တော့ သဲအမေတွေက သဲကို အောက်ဆင်းလာခိုင်းတော့

" ဘာကိစ္စ !"

ပြန်ထူးလာတယ့်သဲ အသံက တစ်ခုခုအလိုမကျပုံပေါ်နေသည်။

သဲဒီနေ့ လရောင်ပြန်လာမယ်မှန်းသိလို့ ဒီအိမ်ကိုပြန်လာခဲ့တာ တီမေကိုလည်းတွေ့ချင်တာလည်းပါတာပေါ့။ အခုထိခေတ်လရောင်က မရောက်သေးတယ့်အပြင် သူ့မိဘတွေနဲ့ တစ်အိမ်ထဲအတူနေနေရတယ်ဆိုတယ့်စိတ်က စိတ်ပျက်စရာအတိပင်။သူလည်း တီမေ တို့အိမ်ပဲသွားမယ်လုပ်တုန်း

သူ့အမေရဲ့ချိုသာတယ့်အသံကိုကြားလိုက်ရတာမလို့ လရောင်ပြန်ရောက်လာပြီဆိုတာ သိလိုက်၏။

" သမီး သဲသိမ့်ခ လာပါဦး သမီးရယ် "ဆိုပြီး သဲအမေခေါ်လိုက်မှ အပေါ်ထပ်ကနေပြေးဆင်းလာတယ့်အရ်ိပ်ကလေး။

ခေတ်လရောင်ကိုတွေ့တာနဲ့ ပြေးဖက်ပီး ခေတ်ပေါ် ခွလိုက်တယ့်ကောင်မလေးက သူ့ကိုဘယ်လောက်တောင်လွမ်းနေလိမ့်မလဲ။

crop top အဖြူလေးနဲ့ ခါးရှည်အနက်ကို တွဲဝတ်ထားတယ့်သဲက ပိုပြီးလှလာသယောင်။ ဆံပင်ကို ကျောလည်ထိချထားတာကတော့ ခေတ်ရဲ့ မြတ်နိုးရတယ့်အစိတ်အပိုင်းလေးတစ်ခုပင်။

သဲက ခေတ်ကိုခွထားပီး

" ဟင့် ခေတ်က ပြောလဲမသွားဘူး သဲက လွမ်းနေတယ့်ဟာကို ရွှတ် ဖုန်းလဲမဆက်ဘူး ပြန်လာမယ်ဆိုလဲပြောပါလား သဲ airportမှာလာကြိုမှာပေါ့ ဟင့်"

" ဆောရီးပါသဲရယ် ချက်ချင်းကြီးဖြစ်သွားလို့ပါ ကြည့်ပါဦး မျက်ရည်တွေနဲ့ ကြောင်ချီးရုပ်လေးဖစ်နေပီ ဟားဟား "

" ခေတ်နော် ဟွန့်"

သဲက ခေတ်ပေါ်ကိုခွထားတာက ဆင်းလိုက်ပြီး ခေတ်ကိုလက်ဆွဲကာ သူတို့မိဘတွေနားသွားမထိုင်ဘဲ ခလယ်မှာ နှစ်ယောက်သား ပူးပူးကပ်ကပ်ထိုင်လိုက်တယ်

သဲရယ် အခုအိမ်လာတယ့်အကြောင်းအရင်းကိုသိရင်လည်း အခုလိုမျိုးပျော်နေဖို့ မျှော်လင့်ပါတယ်။

pain honey? حيث تعيش القصص. اكتشف الآن