uni
"မေ ဘယ်လဲ"
"အိမ်သာ ဘာလဲလိုက်မလို့လား"
koeက ပြုံးကာခေါင်းခါလိုက်သည်။
သဲ tolietထဲဝင်သွားပြီးတော့ တံခါးကိုလော့ချကာ အန်ချလိုက်၏။
"ဝေါ့"
ဆေးရုံမှာလဲ အန်ပြီးပြီတစ်ခါ ဗိုက်ထဲအစာရောက်တာနဲ့ကို အန်ချင်နေတာ။
အန်နေရင်း ခေါင်းမော့လိုက်တော့ မိုက်ခနဲဖြစ်သွားကာ ဘေစင်ကိုလှမ်းကိုင်ရ၏။
ရေကူးတာများသွားလို့ထင်တယ် နှလုံးကလဲနည်းနည်းအောင့်နေ၏။
"ဒေါက် ဒေါက်! မေ တစ်ခုခုဖြစ်လို့လား"
"ဟား jazzlyn koeရေ အိမ်သာတောင်အေးဆေး တက်လို့မရဘူးလား"
"ဆောရီးမေ ကိုယ်ကမင်းတစ်ခုခု ဖြစ်နေတယ်ထင်လို့"
"ဘာမှမဖြစ်ဘူး"
"အဲ့တာဆို ကိုယ်ရှေ့မှာစောင့်နေမယ်နော်"
သဲ မျက်လုံးလှန်လိုက်ကာ
'သူလုပ်မှ နာတာတွေဘယ်ရောက်ကုန် မှန်းတောင်မသိတော့ဘူး'
သဲ အကျီ်တွေဘာတွေ ပြန်ပြင်လိုက်ကာ အပြင်ထွက်လိုက်၏။
အပြင်ရောက်တော့ နံရံကိုမှီကာ သူ့ကိုစောင့်နေတယ့် jazzlyn koe။
သဲနောက်က ကပ်လိုက်လာတယ် koeကိုမြင်တော့ ဒေစီက akaneကို တံတောင်နဲ့တွန်းကာ သဲတို့ဘက်ကို မျက်စပြစ်ပြလိုက်၏။
akaneက သဲထက်အရပ်ရှည်တယ့် koeနဲ့ အရပ်နည်းနည်းလေး ကွာပေမယ့် လုံးဝမိမိုက်နေတယ့် သဲကိုကြည့်ပြီး ပြုံးလိုက်မိသည်။
'ဒီအတွဲတကယ်လိုက်တယ်'
သဲက နာရီကိုကြည့်ကာ အားလုံးကိုဝေ့ကြည့်လိုက်ပြီး
"1နာရီခွဲပြီဆိုတော့ အားလုံးနားကြတော့လေ ဟိုဘက်ကခုံပေါ်က ကြိုက်တယ့်အခန်းသော့ယူသွား လိုချင်တာရှိရင် အခန်းထဲက ဖုန်းမှာဆက်ပြီး လာပို့ခိုင်းလိုက်"
တော်ဝင်ကလွဲပြီး ကျန််တယ့်လူတွေအကုန် အခန်းသော့ယူကာ ထွက်သွား၏။
"မေ ပြီးရင်နားတော့နော် ကိုယ်တစ်ခေါက် ပြန်လာကြည့်မှာနော်"
VOCÊ ESTÁ LENDO
pain honey?
Romanceမိဘတွေ သဘောတူလို့ မချစ်ဘဲလက်ထပ်ထားတယ့်သူတို့နှစ်ယောက် တစ်ယောက်က ချစ်ပေမယ့် နောက်တစ်ယောက်က မုန်းနေသောအခါ............................ ခေတ်လရောင်သိထားတယ့် သဲသိမ့်ခရဲ့ တဖက်ခြမ်းနဲ့ ခေတ်လရောင်မသိသေးတယ့် တဖက်ခြမ်းက ဘယ်လိုတွေလဲ???????? မိဘတွေ သဘောတူလို့ ...