uni
ကောင်ကင်က မှောင်မဲနေသော်လည်း ကြယ်လေးတစ်ပွင့်က အမှီအခိုကင်းစွာ တောက်ပနေဆဲပင်။
မှောင်မဲနေတယ့် ကောင်ကင်အောက်က အမျိုးသမီးကတော့ အထီးကျန်ဆန်လွန်းစွာဖြင့် ထိုကြယ်လေးအား ငေးကြည့်နေ၏။
koe ငေးနေရာမှ ရုတ်တရက် မြည်လာတယ့် ဖုန်းသံကြောင့် contact name မကြည့်တော့ဘဲ တန်းကိုင်လိုက်၏။
တစ်ဦးတစ်ယောက်တည်း အတွက် သီးသန့်ထားတယ့် ringtoneမလို့ contact nameလည်း ကြည့်စရာမလို။
"ဟယ်လို မေ"
" အခုထိ အပေါ်မှာ ဘာလုပ်နေတာလဲ မောင်! ငါ ဗိုက်ဆာနေပြီ "
ဗိုက်ဆာနေပြီဆိုတယ့် ဒေါသသံစွက်နေတယ့် အသံလေးကြောင့် koe ပြာယာခတ်သွား၏။
" အာ sorry မေ ကိုယ်အခုဆင်းလာပြီ "
koe မေ့ ကို ဖုန်းပြောနေရင်း အောက်သို့အမြန်ဆင်းသွားကာ ထမင်းပွဲပြင်ကာ ဧည့်ခန်းမှာ Macbookနဲ့ အလုပ်ရှုပ်နေတယ့် မေ့ ဆီကိုသွားလိုက်သည်။
pajamas အနက်ရောင် သာ ဝတ်ထားသော်လည်း မေ က အရမ်းဆွဲဆောင်မှု ရှိလွန်းနေသည်။
' မေ့ကို သေတ္တာတစ်ခုထဲ ထည့်ပြီး ဖွက်ထားချင်လိုက်တာ '
koe အဓိပ္ပါယ်မရှိတယ့် အတွေးတွေကို ခေါင်းထဲက ထုတ်ပစ်လိုက်ကာ မေ့ကို ခေါ်လိုက်သည်။
" မေ ထမင်းစားလို့ရပြီ "
"အင်း "
မေ က Macbookကို ပိတ်လိုက်ကာ သူနဲ့အတူ ထမင်းစားခန်းကို လိုက်လာ၏။
ထမင်းစားရင် သူချက်ထားတာတွေကို ခေါင်းမဖော်ဘဲ စားတတ်သူကြောင့် koe တကယ်ပျော်၏။
' အဂ်လန်မှာနေတာ သုံးနှစ်ရှိပြီဆိုတော့ မေ လည်း မြန်မာထမင်းဟင်းကို လွမ်းနေရောပေါ့ '
ဘာအကြောင်းပြချက်နဲ့ပဲ ဖြစ်ဖြစ် koeကတော့ ပျော်သည်။
koe မေ့ကို ရေခွက်ကမ်းပေးလိုက်သည်။
မေ က ရေခွက်ကိုယူလိုက်သော်လည်း မသောက်သေးဘဲ ထမင်းကိုသာဆက်စားပြီး ထမင်းကုန်တော့မှ ရေသောက်၏။
YOU ARE READING
pain honey?
Romanceမိဘတွေ သဘောတူလို့ မချစ်ဘဲလက်ထပ်ထားတယ့်သူတို့နှစ်ယောက် တစ်ယောက်က ချစ်ပေမယ့် နောက်တစ်ယောက်က မုန်းနေသောအခါ............................ ခေတ်လရောင်သိထားတယ့် သဲသိမ့်ခရဲ့ တဖက်ခြမ်းနဲ့ ခေတ်လရောင်မသိသေးတယ့် တဖက်ခြမ်းက ဘယ်လိုတွေလဲ???????? မိဘတွေ သဘောတူလို့ ...