uni
ျဖဴေလးႏြယ္ကဖြူလေးနွယ်က သဲရဲ့ကော်ဖီခွက်ကို ယူမယ့်အချိန် သဲကသူ့ထက်အရင်ဆွဲယူလိုက်ပြီး ဖြူလေးနွယ်ကို စိုက်ကြည့်လိုက်သည်။
သဲရဲ့စိုက်ကြည့်တာ ခံနေရတယ့် ဖြူလေးနွယ်ကတော့ ကြက်သီးထလိုက် ဟိုနေရာကနာသလို ဒီနေရာကနာသလိုနဲ့ လက်ကလည်း အလိုက်မသိတုန်ယင်နေ၏။
"ရှင် ရှင်ဘာလို့ လာ ကြည့်နေရတာလဲ"
သဲက တီဗီရှေ့ဆီ ပြန်လှည့်ကာ ခေါက်ဆွဲကြော်ပန်းကန်ကို ယူလိုက်ပြီး စားရင်းနှင့်ပင်
"မင်းသိပ်လိုချင်နေတယ့် attention ကို ကိုယ်ပေးတာလေ ဘာလဲ ထပ်လိုချင်သေးလို့လား "
သဲက ပြောရင်းနဲ့ ဖြူလေးနွယ် မျက်နှာနားကို တိုးလာ၏။
ဖြူလေးနွယ် မျက်လုံးကို စိုက်ကြည့်လိုက်တော့ ဖြူလေးနွယ်က 3စက္ကန့်တောင် မကြာလိုက်ဘဲ အကြည့်လွဲသွား၏။
သဲက နှုတ်ခမ်းတွန့်ရုံမှ ပြုံးလိုက်ကာ တီဗီဘက် ပြန်လှည့်သွားသည်။
ဖြူလေးနွယ်က ဒေါသထွက်လို့လားမသိ မျက်နှာကြီးနီနရဲကာ ထထွက်သွား၏။
သဲက စားပြီးတာနဲ့ ပန်းကန်တွေ တစ်ခါထဲဆေးကာ အပေါ်တက်အိပ်နေလိုက်၏။
မှောင်မဲနေတယ့်အခန်းအတွင်းမှာ ဂါဝန်အဖြူလေးဝတ်ထားတယ့် ကလေးမလေးက ထိုင်ကာ တစ်ခုခုကို ထိုးနေ၏။
သဲ အနားကပ်သွားကြည့်လိုက်တော့ ကလေးမလေးက အသက် 6နှစ်လောက်ပဲ ရှိဦးမယ်။
အနားကကပ်လာတာနဲ့အမျှ 'တစွပ်စွပ်' အသံကြားလာရသည်။
သဲ ဆောင့်ကြောင့်ထိုင်ချလိုက်ကာ ကလေးမလေးရဲ့ ပုခုံးကိုကိုင်လိုက်၏။
"မေမေ သမီးကို လာခေါ်ပါ မေမေ ဖေဖေ"
ရင်းနှီးတယ့်အသံလေးကို သူ့နောက်က ကြားလိုက်ရတော့ နောက်ကိုလှည့်ကြည့် လိုက်ပေမယ့် ဘယ်သူမှမရှိ။
သူအရှေ့ကို ပြန်လဲလှည့်ကြည့်လိုက်ရော အနီးကပ်မြင်လိုက်ရတယ့် မြင်ကွင်းကြောင့် လန့်ကာနိုးသွား၏။
YOU ARE READING
pain honey?
Romanceမိဘတွေ သဘောတူလို့ မချစ်ဘဲလက်ထပ်ထားတယ့်သူတို့နှစ်ယောက် တစ်ယောက်က ချစ်ပေမယ့် နောက်တစ်ယောက်က မုန်းနေသောအခါ............................ ခေတ်လရောင်သိထားတယ့် သဲသိမ့်ခရဲ့ တဖက်ခြမ်းနဲ့ ခေတ်လရောင်မသိသေးတယ့် တဖက်ခြမ်းက ဘယ်လိုတွေလဲ???????? မိဘတွေ သဘောတူလို့ ...