ep 25

1.5K 71 7
                                    

uni

"တောက်စ်!!!"

ဟန်နီသော် တောက်စ်တစ်ချက်ခေါက်ကာ မမနဲ့မိုင့်လက်ကိုဆွဲပြီး ကားဆီအမြန်သွားလိုက်၏။

အနီးဆုံး​ဆေးရုံကို​အမြန်​မောင်း သွားလိုက်သည်။

​ဆေးရုံ​ရောက်​တော့ ဆရာဝန်​တွေက လုပ်သင့်တာ​တွေလုပ်​ပေးပြီး စိုးရိမ်စရာ မရှိ​တော့ဘူး လို့​ပြောကာထွက်သွား​ပေမယ့် အခုထိမျက်လုံးမှိတ်ထားပြီး မလှုပ်မယှက် ​နေ​နေတယ့်မမ​ကြောင့် ဟန်နီ မျက်ရည်​တွေဝဲလာရသည်။

ဟန်နီ မမ ဘေးနားသွားထိုင်လိုက်ကာ

"မမ ဟန်နီတောင်းပန်ပါတယ် ဟန်နီပြန်လဲမပြောတော့ပါဘူး ကျေးဇူးပြုပြီး ဘာမှမဖြစ်ပါနဲ့ "

"ကျေးဇူးပြုပြီး ဟန်နီ့ဘဝထဲက ထပ်ထွက်မသွားကြပါနဲ့တော့"

"ကျေးဇူးပြုပြီး"

"မင်း မမအတွက် ဒီလောက်ကတော့ မိုင်နာပါဟန်နီရယ် ဆေးရှိန်ကြောင့် အိပ်ပျော်သွားတာပါ"

"fuckပဲ "

"မမလို့ပြန်ခေါ်ပါဦး ကြားချင်လို့"

"သေတောင်မခေါ်ဘူး"

"အဲ့လိုနော်"

"အင်း အဲ့လိုပဲ"

"ခေတ်လရောင်ပြောတာ အမှန်လား"

"............"

"ဟက် တိတ်ဆိတ်နေခြင်းက ဝန်ခံခြင်းတယ့် ခေတ်လရောင်နဲ့ သဘောတူတာက သူ့ထားရာ​နေ သူကျွေးတာစား လုပ်ဖို့မဟုတ်ဘူးနော်"

"လရောင်ကကိုယ့်ကို သဝန်တိုစေချင်လို့ ​မေမင်းခနဲ့တွဲတာပါ "

"ကိုယ်တရားဝင်ယူထားတယ့် မိန်းမကိုသဝန်တိုစေ ချင်လို့ဆို့ပြီး တစ်ခြားမိန်းမကို အိမ်ပေါ်ခေါ်တင်လာတာကို ဂုဏ်ယူနေတာလား"

"Ding!!!"

ဟန်နီဆက်ပြောချင် ပေမယ့်လည်း မမ ဖုန်းကအသံမြည်လာတာမလို့ ​အခန်းထဲကထွက်သွားလိုက်သည်။

ဟန်နီထွက်သွား​တော့ ​မိုင့်က သူလိုက်​ချော့လိုက်ဦးမယ်ဆိုပြီး လက်ဟန်​ခြေဟန်ပြကာ လိုက်သွား၏။

လ​ရောင်ဆီက ဖုန်းကို​မျှော်​နေ ​ပေမယ့်လည်း ဖုန်းဆက်လာသည်က လ​ရောင်မဟုတ်ခဲ့​ပေ။

pain honey? Tempat cerita menjadi hidup. Temukan sekarang