ep 34

675 42 6
                                    

uni

သဲက Aceပေါက်စကတည်းက ဖျော်တိုက်တယ့် ကော်ဖီကို အသေကြိုက်တယ့်သူမလို့ ကော်ဖီပဲ​ဖျော်လာ​ပေးဖို့ ပြောလိုက်သည်။

Aceက သူ့လက်ရာကို ဖျော်တိုက်ရမှာမလို့ ခေါင်းမငြိမ့်ချင် ပေမယ့်လည်း သဲရဲ့ထမင်းချိုင့်က သူ့ကိုဆွဲဆောင်နေ၏။

Ace မျက်လုံးတွေကို သဲထမင်းချိုင့်မှ ခွာလိုက်ပြီး ခေါင်းခါပစ်လိုက်သည်။

'ဟင့်အင်း သူ့ကော်ဖီက ကျဲပဲ​သောက်ရမှာ '

Ace ကျဲအကြောင်းတွေးမိ သွားတော့ မျက်နှာညိုးကျသွား၏။ ကျဲကို မ​တွေ့ရတာ သုံးနှစ်​တောင်ရှိ​နေပြီ။ သူ မလွမ်းရိုးလား။ ကျဲက အရမ်း​နေနိုင်တာ ဖုန်း​လေး​တောင် တစ်ချက်မဆက်ဘူး။

သဲ အ​တွေးလွန်​နေတယ့် Aceကြောင့် ငယ်ငယ်တုန်းကလိုမျိုး သူ့ထမင်းဘူးထဲက ဟင်းနဲ့ထမင်းကို ခပ်ကာ  Aceနှုတ်ခမ်းနား ကပ်ပေးလိုက်ပြီး

"Ace ဟ မယ်"

Aceကလည်း အကျင့်ပါနေတယ့်အတိုင်း ဟကာ စားလိုက်ပြီးမှ ကျဲကျွေးတာမဟုတ်မှန်း သတိရသွားကာ သဲကိုလှည့်ကြည့်မိ၏။

သဲက Aceကို မျက်ခုံးပင့်ပြလိုက်ရင်း

"အခုမင်းက ကိုယ့်ဟာစားလိုက်ပြီ ဆိုတော့ မနက်ဖြန် ​ကော်ဖီ​ဖျော်လာဖို့ ပြင်ထားလိုက်​တော့​နော်"

Ace ငြင်းမလို့ပြင်ပြီးမှ 'သူများဆီက တစ်လုပ်စားရင် ကိုယ့်ဘက်ကလဲ တစ်လုပ်ပြန်ကျွေး ရမယ် ' ဆိုတယ့် ကျဲစကားကို ပြန်ကြားလာမိတာမလို့ ​မငြိမ့်ချင်ငြိမ့်ချင်နဲ့ ​ခေါင်းငြိမ့်လိုက်၏။

သဲက ပြုံးလိုက်ကာ

"အဲ့တာဆို ကိုယ်သွားတော့မယ်နော် ဘာမှာဦးမလဲ"

Aceက သဲထမင်းဗူးကိုသာ ငုံ့စားနေပြီး မော့တောင်မကြည့်ပေ။

"ပြန်လာမှ မင်းနဲ့တွေ့မယ် ခဏနေဦး"

သဲက လည်ပင်းမှာဆွဲထားတယ့် ဝန်ထမ်းကဒ်ကို ချွတ်ကာ ခပ်မြန်မြန် ထွက်သွား၏။

လရောင် ကုမ္မဏီနဲ့ သဲအသစ်​ဆောက်ထားတယ့် အိမ်အသစ်က သိပ်မ​ဝေး​ပေ။

pain honey? Where stories live. Discover now