ep 23

1.3K 89 9
                                    

uni

"ငါ့ကို လာ မအော်နဲ့ ခေတ်လရောင်!!!!"

"အခု မင်းလုပ်ပုံကကော ကောင်းသေးရဲ့လား ဟမ် ဘာလို့ဝိုင်နဲ့ပက်တာလဲ ဟိုမှာစိုကုန်ပြီ"

" ခေတ်ရယ် ငယ်က မမကို ဘာလို့ ခေတ်နောက်လိုက်မသွားတာလဲလို့ မေးမိလိုက်တာ မမကစိတ်ဆိုးသွားတယ်နဲ့ တူတယ်"

အသံတိုးတိုးလေးနဲ့ ပြောလာတယ့် ကောင်မလေးသည် ခုနကသဲကိုပြောနေတုန်းကနဲ့ ခြားနားစွာပင်။

" သဲသိမ့်ခ ငယ်ပြောနေတယ့်စကားမှာ ဘယ်နေရာက စိတ်တိုစရာပါသွားလို့လဲ အဲ့လိုထိလောက်လိုပ်ရအောင်"

"ဟက်"

ဦးမျိုးဧကရာဇ် သူ့သမီးကိုထိန်းရအောင် အနားတိုးသွားလိုက်သည်။ သဲသိမ့်ခလို ရေတွက်လို့မရနိုင်အောင် လုပ်ငန်းတွေပိုင်တယ့်သူက ဒီလိုကိစ္စလေးနဲ့ ဒေါသထွက်ပြီး အခုလိုလုပ်ရပ်မျိုးလုပ်မှာမဟုတ်။ သူအမုန်းဆုံးအရာ​တွေကို ပြောရင်တော့ တစ်မျိုး​ပေါ့။

"သမီး ​ခေတ်လ​ရောင် စိတ်လျော့ပါအုံး"

"ဒယ်ဒီရာ သမီးအပြစ်မှမဟုတ်တာ"

လရောင် သဲကိုကြည့်လိုက်တော့ တစ်ယောက်ယောက်ကို ဖုန်းဆက်နေပုံရ၏။

"အင်း အခုလာခေါ် sneakerပါယူလာခဲ့ "

​လ​ရောင် ဟို​ကောင်မ​လေးကို ​တောင်းပန်ပြီး အကျီႋအသစ်မှာ​ပေးလိုက်သည်။

တခဏအတွင်း  ပါတီထဲဝင်လာတယ့် shirtအနက်ကို pantအနက်နဲ့ တွဲဝတ်ထားပြီး အ​ပေါ်ထပ်အနက်ကိုပါ ထပ်ဝတ်ထားတယ့် တော်ဝင်ဆိုတယ့်အကောင်။

လက်မှာလည်း sneakerအဖြူရောင်ကို ထိုင်ထားသေးသည်။

"တော်ဝင်!"

သဲခေါ်သံနဲ့အတူ တော်ဝင်ဆိုတယ်တယောက်သည် သဲနားကိုရောက်လာကာ sneaker ကို သဲ​ရှေ့ကိုချ​ပေးပြီး သူဝတ်ထားတယ့် အ​နွေးထည်အနက်ကို သဲကိုယ်​ပေါ် တင်​ပေးလိုက်သည်။

သဲ ​high heelကို ချွတ်လိုက်တော့ မစီးတာသုံးလကျော်ပြီဖြစ်တာမလို့ ခြေထောက်က ပွန်းကာနာနေလေသည်။

သူနာနေတာတောင် ​လ​ရောင်စိတ်တိုင်းကျ​နေ​ပေးခဲ့​ပေမယ့် လ​ရောင်ပါးစပ်က သူ့ကို မယုံတယ့်စကား​တွေ ထွက်လာတယ့်အချိန်မှာ​တော့ သူ့သည်းခံနိုင်စွမ်း​တွေ ကုန်ဆုံးသွား​လေပြီ။

pain honey? Where stories live. Discover now