ep 41

399 25 0
                                    

uni

နောက်တစ်နေ့ ရောက်တော့ koe ဘာမှမဖြစ်ဟန် ဆောင်နေခဲ့သော်လည်း မေကတော့ သူ့အား အပြစ်သားတစ်ယောက်လို စိုက်ကြည့်နေတာကြောင့် koe လုပ်လက်စတွေပါ အယောင်ယောင် အမှားမှားဖြစ်ကုန်၏။

koe မနက်စာပန်းကန်ကို မေ့ရှေ့ချပေးတော့ မေ က koeလက်ကို လှမ်းကိုင်လိုက်၏။

koe မေ့ကို ကြည့်လိုက်တော့ မေက မျက်မှောင်ကြုတ်ကာ ကြည့်နေ၏။

" တစ်ခုခုဖြစ်လို့လား "

မေ့ အမေးကို koe ခေါင်းသာခါပြလိုက်သည်။

" ဘာမှ မဖြစ်ပါဘူး ခေါင်းနည်းနည်း နောက်နေလို့ပါ "

မေ က သူ့လက်ကို လွှတ်ပေးလိုက်သော်လည်း မျက်မှောင်ကြုတ်ထားတာတော့ မပြေသေးပေ။

မေ က မုန့်စားနေရင်း ဘေးက ဖုန််းကိုကောက်ကိုင်ကာ တစ်ယောက်ယောက်ကို စာပို့လိုက်၏။

koe မေ့ကို တစ်ချက်ခိုးကြည့်လိုက်သော်လည်း မေမကြိုက်မှာ စိုးတာကြောင့် မုန့်ကိုပဲ အာရုံပို့ထားလိုက်သည်။

နေ့လည်ရောက်တော့ မေ က သူ့ဖို့ MTW ကနေ coffeeဝယ်လာ၏။

နေ့လည်စာကို အိမ်မှာပဲ ပြန်စားတတ်တယ့် မေ့ကြောင့် koeမနက်ကတည်းက ချက်သွားပြီး နေ့လည်ကျတော့ ပြန်နွှေးလိုက်သည်။

နေ့လည်စာ စားပြီးတာနဲ့ မေ နဲ့ သူ ကိုယ့် companyကိုယ် သွားကြ၏။

ညနေ 5နာရီ 30 ဆို အိမ်အရောက်ဆိုတယ့် မေ့ ရဲ့ အိမ်ငှားစဥ်က ချမှတ်ထားတယ့် စည်းကမ်းကြောင့် koe 5နာရီမခွဲခင် အိမ်ရောက်နေတတ်၏။

koe ရောက်တယ့်အချိန်ထက် မေ က ပိုပြီးစောရောက်နေတတ်သည်။

koe ရောက်လာတော့ မေ က koeလက်ထဲက ပစ္စည်းတွေကို ယူကာ koeကို သံပုရာရည် တစ်ခွက်ပေးလာ၏။

မေ ဖျော်ပေးတယ့် သံပုရာရည်ကို သောက်လိုက်ပြီး koe မေ့နောက်ကနေ အိမ်ပေါ်ကို တက်သွားလိုက်သည်။

koe ရေအရင်ချိုးလိုက်သည်။

ရေချိုးခန်းထဲက ထွက်ပြီးမှ မေ့ဆီက shampooနံ့ သင်းသင်းလေး ရတာကို မှတ်မိသွားတာကြောင့် ရေချိုးခန်းထဲ ပြန်ဝင်ကာ ခေါင်းလျှော်လိုက်သည်။

pain honey? Where stories live. Discover now