uni
ညဥ့်နက်လာတာနဲ့အမျှ ခေတ်လရောင်ကလည်း တော်တော်မူးနေပြီ။
Dance floor ကနေ က ပြီး ဖြူလေးနွယ်တို့ဝိုင်းကို ပြန်သွားလိုက်တော့ ဖြူလေးနွယ်က လရောင်ကို ဝိုင်တစ်ခွက် တိုက်လေသည်။
လရောင်က ဖြူလေးနွယ်နဲ့ စကားထိုင်ပြောပြီးမှ dance floorကိုပြန်လာလေသည်။
လရောင်ကြည့်ရတာလည်း တော်တော်ယိုင်နေပြီမလို့ သဲလူအုပ်ကြားထဲက လရောင်ဆီကပ်သွားလိုက်သည်။
သဲ လရောင်နားရောက်သွားချိန် ဘေးကကောင်မလေးတစ်ယောက်က လရောင်ကို ကရင်းနဲ့ တိုက်မိသွားတာကြောင့် သဲ လရောင်ခါးကိုလှမ်းထိန်းလိုက်သည်။
သဲ ဝတ်ထားတယ့် sneakerက အမြင့်မလ့ို သဲကလရောင်ထက် အရပ်ပိုရှည်နေ၏။
လရောင်ကတော့ သူ့ခါးပေါ် သဲလက်ရောက်နေတာမသိဘဲ ဆက်ကနေ၏။
သဲကတော့ မ ကတော့ဘဲ လရောင်ကိုပဲ လိုက်ထိန်းနေရသည်။
15မိနစ်လောက်ကြာတော့ လရောင်က ပူတယ်လို့ပြောကာ မူပျက်လာ၏။
အဲ့ဒီ့အရာတွေနဲ့ စိမ်းသက်မနေတယ့် သဲကတော့ လရောင်အမူအရာကြည့်လိုက်တာနဲ့ ဘာဖြစ်နေလဲဆိုတာ တန်းသိ၏။
"ကျစ်!"
သဲ လရောင်ကို partyထဲကနေခေါ်ထုတ်သွားပြီး ဘေးက hotelဆီက VVIP အခန်းတစ်ခန်းယူလိုက်ပြီး လရောင်ကိုယ်ကို အခန်းထဲထိ တွဲသွားလိုက်သည်။
ဖြူလေးနွယ်က ဆေးစွမ်းပြသင့်ပြီမလို့ ခေတ်လရောင်ကို လိုက်ရှာလိုက်တော့ ကောင်မလေးတစ်ယောက်က တွဲကာ partyအပြင်ကိုထုတ်သွားတာ တွေ့လိုက်၏။
"တောက်စ်! ဘယ်သူဦးသွားတာလဲမသိဘူး"
ဖြူလေးနွယ် ခေတ်လရောင်ရဲ့နောက်ကိုလိုက်သွားပြီး သူတို့ဝင်သွားတယ့် အခန်းနံပါတ်ကို သေချာမှတ်ထားလိုက်သည်။
..................
"Ding!"
ဖုန်းနံပါတ်ကြည့်လိုက်တော့ တော်ဝင်မလို့ အကျီ်ကောက်ဝတ်ပြီး အခန်းပြင်ထွက်ကာ ဖုန်းဖြေဖို့လုပ်လိုက်သည်။ လရောင် ညကပင်ပန်းထားတာကြောင့် သူလုပ်လို့မနိုးသွားစေချင်ဘူးရယ်။
YOU ARE READING
pain honey?
Romanceမိဘတွေ သဘောတူလို့ မချစ်ဘဲလက်ထပ်ထားတယ့်သူတို့နှစ်ယောက် တစ်ယောက်က ချစ်ပေမယ့် နောက်တစ်ယောက်က မုန်းနေသောအခါ............................ ခေတ်လရောင်သိထားတယ့် သဲသိမ့်ခရဲ့ တဖက်ခြမ်းနဲ့ ခေတ်လရောင်မသိသေးတယ့် တဖက်ခြမ်းက ဘယ်လိုတွေလဲ???????? မိဘတွေ သဘောတူလို့ ...