ep 42

479 32 6
                                    

uni

နေ့လည် သုံးနာရီလောက် မြန်မာကို ပြန်ရောက်၏။

koeကို မေ့အပိုင်စံအိမ်ဖြစ်တယ့် Moon Lightကိုပဲ ခေါ်သွားလိုက်သည်။

တစ်လမ်းလုံး အိပ်လာသော်လည်း လူက ပင်ပန်းနေသေးတာကြောင့် လှုပ်ကိုမလှုပ်ချင်တော့။

" မောင်~ "

ခပ်ချွဲချွဲခေါ်လာတယ့် အသံလေးကြောင့် koe ကြက်သီးထသွားရ၏။

" ဟင် မေ "

" ငါ အပေါ်မတက်ချင်တော့ဘူး အိပ်ချင်နေပြီ "

" အာ အခန်းက အပေါ်မှာမဟုတ်လား "

အောက်ထပ်မှာလည်း အခန်းရှိပေမယ့် တစ်ယောက်ခန်းတွေသာ ဖြစ်၏။

" အင်း ဒါပေမယ့် လမ်းမလျှောက်ချင်တော့ဘူး "

မေ့ မျက်နှာလေးက အမှန်ပင်ငြိုးနေတာမလို့ koe မေ့အနားကို သွားလိုက်၏။

" ကိုယ်ချီသွားပေးရမလား "

သူ ပြောလာတော့ မေ က ' နိုင်ရောနိုင်ရဲ့လား ' ဆိုတယ့်အကြည့်နဲ့ ကြည့်လာတာကြောင့် koe နှုတ်ခမ်းတွန့်ရုံမျှ ပြုံးလိုက်ကာ မေ့ခန္ဓာကိုယ်လေးကို ပွေ့ချီလိုက်၏။

ရင်းနှီးနေတယ့် ကိုယ်သင်းနံ့အပြင် မေ့ရဲ့ မျက်နှာနုနုကို သူ့ရင်ဘတ်မှာ ကပ်ထားတာကြောင့် koe နှလုံးခုန်မြန်လာ၏။

မေ ညွှန်ပြတယ့် အခန်းတံခါးကို ဖွင့်လိုက်ကာ မေ့ကို ကုတင်ပေါ် တင်ပေးလိုက်သည်။

အိမ်မှာ လူတစ်ယောက်မှ မရှိပေမယ့် အိမ်က ဖုန်တစ်စက်မှ မရှိပေ။

မေ ဟိုကနေ လှမ်းမှာထားတာ ဖြစ်လိမ့်မည်။

koe အိတ်ထဲက ဆေးကဒ်ကိုယူကာ မေ့အနားကပ်သွားလိုက်သည်။

" မေ မအိပ်နဲ့ဦး ဆေးသောက်လိုက်ဦးနော် "

" မသောက်ချင်ဘူး "

" ထ ပါ မေရယ် ဆေးက အချိုပါ နော် ထ "

မေ က မထချင် ထချင်နဲ့ ထ လာကာ ဆေးသောက်ပြီး ပြန်လှဲလို့ လုပ်ပြီးမှ ကုတင်ပေါ်က ဆင်းကာ ဗီရိုထဲက အကျီ်တစ်စုံယူကာ ရေချိုးခန်းထဲ ဝင်သွား၏။

pain honey? Where stories live. Discover now