part 5

13.9K 753 7
                                    

ငါ့မွေးစားသားကငါ့ကိုချစ်နေတယ်

"ငါကမင်းအဖေနော် မင်းကိုကနေဒါမှာပညာသွားသင်ခိုင်းတာမကောင်းတာတွေသင်လာတာလားဟမ်!"
ထည်ဝါစိတ်ထဲမပါဘဲ ရှိင်းကိုဆူပူအော်ဟစ်လိုက်တယ်

"အာ့!!"

"အဖေဟုတ်လား ခင်ဗျားနဲ့ကျုပ်ကသွေးသားတော်စပ်လို့လား! "

ရှိုင်း အော်ဟစ်ရင်းထည်ဝါကိုနံရံနဲ့‌ ကျောပြင်ထိကပ်စေလိုက်ပြီး လက်တွေကိုဆုပ်ကိုင်ထားလိုက်တယ်

"ကျုပ်မေးတာဖြေလေ ခင်ဗျားနဲ့ ကျုပ်သွေးသားတော်စပ်လား!!"

ထည်ဝါ တစ်ခါမှမမြင်ဖူးတဲ့ ကောင်စုတ်လေးရဲ့ပုံစံကြောင့် ကြောက်လန့်တကြားရုန်း‌ေနမိတယ်

သို့သော်အချည်းနှီးသာ သူနဲ့ဒီကောင်စုတ်လေးကအားချင်းကွာခြားလွန်းလှတယ်

"ငါ့ကိုလွှတ် ရှိုင်း"
အရင်ကဆို သူ့ကိုရှိုင်းလို့ခေါ်ရင် ချက်ချင်းခွေးပေါက်လေးလိုအသွင်ပြောင်းသွားတတ်တဲ့ကောင်လေးကအခုတော့သူ့ကိုကျားရိုင်းတစ်ကောင်လိုစိုက်ကြည့်နေတယ်

"ကျုပ်လေ ဉီးဂုဏ်ဆိုတဲ့ခင်ဗျားကိုအရမ်းချစ်တာ"
ရှိုင်းအတင်းရုန်းနေတဲ့ထည်ဝါရဲ့မျက်နှာနားတိုးကပ်ပြီး နမ်းရှိုက်ဖို့ကြိုးစားလာတယ်

"ရှိုင်း မင်း..မင်း..ငါ့မျက်နှာအနားမကပ်လာနဲ့"

သို့သော်ထည်ဝါရဲ့စကားတွေကအရာမထင်
ကောင်စုတ်လေးကမိမိမျက်နှာနားတိုးကပ်လာသည်မှာနှုတ်ခမ်းချင်း 1cm လောက်သာကျန်တော့တယ်

"အဂ္ဂရှိုင်း!"
မိမိမျက်နှာကိုဒေါသတကြီးအော်ဟစ်လာတဲ့ဉီးက
ဒေါသကြောင့်မျက်ခမ်းစပ်ကလေးတွေပင် နီမြန်းနေပြီ

"ကျုပ်ပြောမယ်သေချာမှတ်ထား ခင်ဗျားနဲ့ကျုပ်ကဘာမှသွေးသားမတော်စပ်ဘူး! ကျုပ်မိဘတွေက ဉီးအဂ္ဂမာန်နဲ့ ဉီးအလင်းသစ် ဒါကြောင့်ကျုပ်ခင်ဗျားကိုချစ်တယ် သားအဖဆိုတဲ့စည်းလာမခြားနဲ့ အခုတော့ခင်ဗျားအခန်းပြန်တော့"

ပြောပြီးတာနဲ့ရှိုင်း‌ေကျာခိုင်းလိုက်တယ်
ဆက်ကြည့်နေရင်ဒီလူ့ကိုတစ်စဆီဖျက်ဆီးမိတော့မှာ

ငါ့မွေးစားသားကငါ့ကိုချစ်နေတယ် (Complete)Where stories live. Discover now