part 20

9K 388 2
                                    

ထည်ဝါ နေရတု ချိန်းတဲ့ဘားကိုရောက်နေတာပင်

"အလင်းလေး စောင့်ရကြာသွားလား"

"မင်းကိုအဲ့လိုမခေါ်ဖို့ပြောထားတယ်မလား"

"ဟားဟား ဘာလို့လဲ အရင်ကလည်းအဲ့လိုခေါ်နေကျဘဲမလား"

ထည်ဝါစိတ်ရှုပ်စွာ အရက်ခွက်ကိုမော့သောက်လိုက်တယ်

"ဘာပြောမလို့ငါ့ကိုခေါ်အချိန်မရှိဘူး"

"ကိုယ်မသွားခင်လေးရှင်းရှင်းလင်းလင်းသိချင်တာလေးရှိလို့"

"အင်း ဘာသိချင်တာလည်း "

"မင်းကိုယ့်ကိုချစ်သေးလား"

ထည်ဝါမဆိုင်းမတွဘဲပြန်ဖြေလိုက်တယ်

"မချစ်ဘူး"

"ဟုတ်ပါပြီ နောက်ဆုံးအနေနဲ့ ကိုယ့်အတွက်ဒီခွက်လေးသောက်ပေးနိုင်မလား"

ထည်ဝါသူ့ကိုကမ်းပေးလာတဲ့ခွက်ကိုကြည့်လိုက်တယ်

"ဒီတစ်ခွက်သောက်ပြီးရင်ငါပြန်လို့ရပြီလား"

"အင်း ပြန်လို့ရပြီ"

ထည်ဝါချက်ချင်းဘဲအရက်ခွက်ကိုယူပြီးသောက်လိုက်တယ်
နေသုတရဲ့နှုတ်ခမ်းတွေတွန့်ကွေးသွားတာထည်ဝါမသိခဲ့

💙💙💙💙💙💙💙💙💙💙💙💙💙💙

ကတောင်!!ကတောင်!!

ရှိုင်းဖုန်းကိုယူကြည့်လိုက်တယ်

"ဒီ...ဒီပုံက"
ဉီးရဲ့ရည်းစားဟောင်းဆိုသူကဘားထဲကနေဉီးကိုပွေ့ချီလာတဲ့ပုံကိုမြင်တော့ရှိုင်းဉီးကိုစိတ်ပူသွားတယ်

"မင်းအခုသွားသင့်တယ်‌တယ်နော် မဟုတ်ရင် မင်းချစ်ရသူကိုဆုံးရှုံးသွားလိမ့်မယ်"
ထပ်ဝင်လာတဲ့စာကိုမြင်ပြီး ရှိုင်းတုန်တုန်ရီရီနဲ့စာပြန်ပို့လိုက်တယ်

"အခုသူတို့ဘယ်မှာလည်းမင်းသိလား"

"5 🌟 ဟော်တယ် VIP အခန်းနံပါတ် ၃၀၆"

ပြန်စာကိုရတာနဲ့ ရှိုင်းအလျင်အမြန်ဘဲ 5 🌟ဟော်တယ်သို့မောင်းရတော့တယ်

🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟

နေရတု ထည်ဝါကိုယ်လေးကိုကုတင်ပေါ်အသာအယာချပေးလိုက်တယ်

ငါ့မွေးစားသားကငါ့ကိုချစ်နေတယ် (Complete)Where stories live. Discover now