part 9

11.5K 589 15
                                    

ထည်ဝါ သူ့ရုံခန်းထဲသူဝင်သွားတယ်

ရှိုင်းကတော့ပြုံးပြီး ကျန်လေရဲ့
မနေ့ကသူက အခုသူမဟုတ်တဲ့အတိုင်း

အာ့!
"တောင်းပန်ပါတယ်ရှင့် အနန်းလောနေလို့ပါ "

"ရပါတယ် "
ရှိုင်းသူ့ရှေ့ကကောင်မလေးကိုခေါင်းငြိမ့်ပြီးကျော်သွားမလို့စဉ်းစားလိုက်တယ်

"ခနလေးနေပါဉီး ရှင်က ဟိုcoffee မှာတွေ့ခဲ့သူမလား"
သူတိုက်မိသွားတဲ့ကောင်မလေးကမျက်လုံးတွေဘလင်းဘလင်းဖြစ်နေတယ်

"ကျွန်တော်ကိုသိလို့လား"

"သိတယ် အရမ်းကိုသိတယ်"

ရှိုင်း ????တွေတန်းစီသွားတယ်
သူဒီကောင်မလေးကိုမသိဘူး

" ဟီး ဟိုနေ့က Love coffeeမှာလေ အကိုထိုင်တဲ့မျက်နှာချင်းဆိုင်ဝိုင်းမှာ အနန်းရှိနေတာရှင့်
ဒီကအကိုက အနန်းရဲ့ဖအေတူမအေကွဲအကိုရည်စားလို့ပြောလိုက်တာလေ အနန်းနားနဲ့ကြားတယ် ဒါပေမဲ့အကို့ကတစ်ဖက်သက်လို့ဘဲအနန်းမြင်တယ်ဟုတ်တယ်မလား"

ရှိုင်းအင်တင်တင်ဖြစ်သွားတယ်
အများအမြင် မှာသူကဘဲဉီးအပေါ်တစ်ဖက်သတ်ဖြစ်နေတာလား??

"အနန်းကူညီပေးမယ် "

"ဟမ်"

"ဟီး အနန်းက ဖူဂျီလေအဲ့တာ အနန်းရဲ့အကိုအရမ်းလင်ရစေချင်တာ အဲ့တာမို့ကူညီပေးမယ်ပြောတာ"

"မင်းကူညီပေးမှာတစ်ကယ်လား"

"ဟုတ်တယ် တစ်ကယ် ညနေ love coffeeမှာလာတွေ့နည်းလမ်းပြောပြမယ် အခုတော့လောနေလို့သွားပြီတော့ "

ချက်ချင်းပြေးထွက်သွားတဲ့‌ ရှပ်ပြာရှပ်ပြာကောင်မလေးကဉီးရဲ့ညီမတဲ့လား
ပြီးတော့ ဉီးနဲ့အဆင်ပြေဖို့ကူပေးမယ်တဲ့ကောင်းသားဘဲ

☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️

အနန်းတစ်ယောက်ဆူပူခံနေရတယ်
ပထမဆုံးအလုပ်ဆင်းတဲ့နေ့မှာတင်နောက်ကျလို့တဲ့  ဒီလိုပွစိပွစိနဲ့အကိုကိုမြန်မြန်လင်ပေးစားမှဘဲ

"မဟူရာနန်း!! ငါဒီလောက်ပြောနေတာမင်းစိတ်တွေဘယ်ရောက်နေတာလဲ!!"

ငါ့မွေးစားသားကငါ့ကိုချစ်နေတယ် (Complete)Where stories live. Discover now