ထည်ဝါ မောင်းလာရင်းနဲ့ဝယ်စရာတစ်ခုရှိတာကြောင့်အနီးအနားကကုန်တိုက်တစ်ခုရှေ့ရပ်လိုက်တယ်
"ဖာ့ခ် စောက်ကလေးလေး အတော်ကိုအားသန်တယ် "
ခါးကိုဖိရင်းကွတကွနဲ့ဝင်သွားတဲ့ထည်ဝါကိုနေရတုစောင့်ကြည့်နေတယ်
"You သွားဖမ်းခိုင်းရတော့လား?"
"အလင်းပြန်ထွက်လာမှ မင်းလူတွေဖမ်းခိုင်းလိုက်လေ ကုန်တိုက်မှာCCTVတွေနဲ့ အခုဖမ်းရင်ဂျေအောင်းရမှာပေါ့"
"အဟက်! ဟုတ်ပါပြီ "
ထည်ဝါဝယ်စရာရှိတာဝယ်ပြီး ကားအနောက်ခန်းထဲထည့်နေစဉ် အနောက်မှနှာခေါင်းနဲ့ပါးစပ်ကိုလာအုပ်သောအဝတ်ကြောင့် အကူအညီတောင်းချိန်တောင်မရဘဲ မေ့မြောခြင်းဆီသို့......။
☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️
ရှိုင်း အလုပ်ချိန် ဉီးဂုဏ်ကိုစားလိုက်မိတာကြောင့် ဉီးကအချိန်ပိုဆင်းရန်ဆိုပြီးအမိန့်ပေးသွားလေတယ်
တီ!!တီ!!
"ဉီးဆီအမြန်ပြန်ချင်ပါတယ်ဆိုမှအရေးထဲ ဖုန်းကထလာနေတယ်"
ရှိုင်းပွစိပွစိပြောရင် ဖုန်းကိုင်လိုက်တယ်
"ဟယ်လို"
"ဟယ်လို တို့ကမာယာဆူးပါမှတ်မိတယ်မလား"
"မှတ်မိပါတယ် ဘာကြောင့်ဖုန်းဆက်တာလဲ"
"ဟိဟိ ရှင့်ရဲ့အဖိုးတန်လေးကျွန်မလက်ထဲမှာရှိနေတာ လာရွေးခိုင်းမလို့"
"ဉီး..ဉီးဂုဏ်လား"
"အို..ယူကတန်းသိတာဘဲ"
"ဘာလုပ်ဖို့ ဉီးဂုဏ်ကမင်းဆီရောက်နေတာလည်း"
"အဲ့တာကအရေးမကြီးပါဘူး အခုမြို့ပြင်က အသုံးမပြုတော့တဲ့စက်ရုံးဟောင်းဆီသာလာခဲ့ "
"မင်း ဉီးဂုဏ်ကိုမထိနဲ့ ငါ့လာခဲ့မယ်"
"Ok မြန်မြန်လာနော်မဟုတ်ရင် သူ့ကိုတစ်ခုခုမလုပ်ဘူးလို့အာမမခံဘူး"
"အင်းငါလာခဲ့မယ်"
ရှိုင်း ဖုန်းချပြီးတာနဲ့အလောတကြီးချိန်းတဲ့နေရာသို့သွားတော့တယ်
YOU ARE READING
ငါ့မွေးစားသားကငါ့ကိုချစ်နေတယ် (Complete)
Romanceကျေးဇူးရှင်ရဲ့သားကိုငယ်ငယ်ကတည်းမွေးစားခဲ့ပေမဲ့ မွေးရကျိုးနပ်တဲ့ကောင်စုတ်ကလေးကငါ့ကိုစားဖို့ဘဲချောင်းနေတယ်