part 11.

10.4K 520 8
                                    

Part 11

ရှိုင်းနိုးလာတော့ သူရင်ခွင်ထဲအိပ်ပျော်နေတဲ့ဉီးဂုဏ်ကိုတွေ့ရတယ်
အမြဲတမ်းခပ်တည်တည်နဲ့ဉီးကအိပ်နေတော့လဲကလေးလေးလိုပင်

ဉီးဂုဏ်လူးလွန့်လာတာကြောင့်ရှိုင်းမျက်စိတို့ပြန်မှိတ်ထားလိုက်တယ်

"နေမကောင်းတာသက်သာသွားပြီထင်တယ်"

ထည်ဝါကုတင်ပေါကဖြေးဖြေးလေးထလာပြီး စာရွက်လေးတစ်ရွက်မှာ‌စာရေးပြီးအခန်းပြင်ထွက်လာခဲ့တယ်

ရှိန် သူ့ဉီးဂုဏ်ထွက်သွားတာနဲ့ ချက်ချင်းထထိုင်ပြီး စာရွက်ကလေးကိုကောက်ဖတ်လိုက်တယ်

"နေမကောင်းတဲ့အတွက်ဒီနေ့အလုပ်မလာဘဲ အနားယူလိုက်ပါ"တဲ့

ရှိုင်းနှုတ်ခမ်းတို့ပြုံးသွားတယ် သူ့ဉီးဂုဏ်ကသူ့ကိုချစ်ပါတယ်

တီ!!တီ!!

"ဟယ်လို"

"ဟေ့ ဘယ်လိုလဲ ငါ့အကိုနဲ့မင်းအခြေအနေနေ"

တစ်ဖက်ကစိတ်ဝင်တစားမေးလာတာကို
ရှိန်လဲအားတက်ရောပြန်ပြောပြလိုက်တယ်

"ညက ဉီးဂုဏ်ကိုငါတစ်ညလုံးဖက်အိပ်ခဲ့တာ"

"ဟေ..ဖက်အိပ်ရုံဘဲလား ဟိုဒင်းဟိုဟာရော"

"ဖုန်းထဲကနေလက်ထွက်ပြီးကောက်ထုလိုက်ရ နေမကောင်းဟန်ဆောင်နေတာအဲ့တာသွားလုပ်ရင် ဉီးဂုဏ်ငါ့ကိုသတ်မှာပေါ့"

"ဟား!!ဟားဟား ငါကစတာပါကွာ အခုနောက်တစ်ဆင့်ပြောပြမယ် "

"ဘယ်လိုဆက်လုပ်ရမလဲ "

"ငါ့အကိုသဝန်တိုအောင်ဟန်ဆောင်ရည်စားရှာရမယ် "

"ဘယ်လို ငါမရှာနိုင်ဘူး ဉီးဂုဏ်ကလွဲပြီးဘယ်သူကိုမှရည်စားမတော်နိုင်ဘူး"

"ဟော ငါကအတည်ရည်စားထားခိုင်းနေတာမဟုတ်ဘူး ဟန်ဆောင်ရည်းစားဟန်ဆောင်!!"

ရှိုင်းနားအူသွားတာကြောင့် ဖုန်းကိုနားနဲ့ခွာလိုက်တယ်
"ဖြေးဖြေးပြောပါကွ နားကိုအူသွားတာဘဲ ငါကဟန်ဆောင်ရည်းစားကိုဘယ်မှာသွားရှာရမှာလည်း"

"ငါလေ"

"ဟမ်!!"

"ဟုတ်တယ် တစ်ခြားသူရှာရင် နောက်ကျအရှုပ်တွေလာလုပ်မှာဆိုးလို့ငါဟန်ဆောင်ပေးမယ် "

ငါ့မွေးစားသားကငါ့ကိုချစ်နေတယ် (Complete)Where stories live. Discover now