part 15

10K 455 3
                                    

Part 15

ရှိုင်းဒီနေ့ဆိုဉီးနဲ့မတွေ့ဖြစ်တာ၁ရက်‌နဲ့၄နာရီ ၂၅မိနစ်ရှိနေပြီ

"လဒမှိုင်မနေနဲ့နင့်သူငယ်ချင်းရောက်နေတာတစ်နေ‌ရာရာလိုက်ပို့ပေးဉီးလေ "

ရှိုင်းအနန်းကိုမကြည်သလိုကြည့်လိုက်တယ်

"ဉီးကိုမတွေ့ရလို့ညစ်နေတာနော် "

"ရပါတယ် အနန်း မင်းလိုက်ပို့ပေးလေ မင်းကဒီမှာပိုအနေကြာတော့ပိုသိမှာပေါ့"

"အဲ့ဆိုမနက်ဖြန်မှသွားကြမယ်"

"အင်း အနန်းကအကောင်းဆုံးဘဲ"
ရှိုင်းစောက်သဲကွဲနေရတဲ့ကြား
အ‌ရှေ့ကနှစ်ယောက်ကိုကန်လွှတ်ချင်နေပြီ

"ဉီးဂုဏ်ကလေ ငါ့ကိုမချစ်ဘူးတဲ့"
ထငိုတဲ့ရှိုင်းကြောင့်အနန်းသာယာနေတာလေးပါပျောက်သွားတယ်

"ဒီလို ကလေးသူငယ်နာမစင်တဲ့စိတ်နဲ့ လူက တည်ငြိမ်ရင့်ကျက်တဲ့သူကိုလိုက်မလို့လား ဟိုကနင့်ထက်၁၁နှစ်တောင်ကြီးတာနော်ကလေးဆန်တာလေးလျှော့"

"အသံဆိုးကြီးနဲ့မပြောနဲ့ "

"အနန်းလေးကအသံဆိုးကြီး မဟုတ်ပါဘူး ချစ်ဖို့ကောင်းပါတယ်"
၃နှစ်ကနေဒါမှာခင်လာတဲ့သူငယ်ချင်းဘက်မလိုက်ဘဲမယားဘက်လိုက်နေတဲ့သူငယ်ချင်းကို ရှိုင်း‌ေမာင်းထုတ်တယ်

"သွား !! မင်းတို့နှစ်ယောက်လုံးထွက်သွား"

ဂျိမ်း!!
သူတို့ကိုအပြင်တွန်းလွှတ်ပြီး တံခါးကိုအကြမ်းပတမ်းပိတ်သွားတာကြောင့် အနန်းနဲ့ Roseတို့မှာကြောင်တောင်တောင်ဖြစ်သွားတယ်

☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️
ထည်ဝါလဲ ဒီနှစ်ရက်အတွင်းအရာရာအဆင်မပြေနေပါ ဘယ်ရောက်ရောက် ဉီးဂုဏ်ဆိုပြီးခေါ်နေကျအသံလေးကိုဘဲကြားနေရတယ်

ဒေါက်!!ဒေါက်!!
"Boss နေသုတ ဆိုတဲ့တစ်ယောက်ကboss ကိုတွေ့ချင်လို့ပါတဲ့ "
တံခါးအပြင်ဘက်ကသူရဆီမှ နေသုတဆိုတဲ့အသံကိုကြားတာနဲ့ ထည်ဝါ လက်သီးကိုတင်းတင်းဆုပ်ရင်းအံကြိတ်လိုက်တယ်

"ပြန်လွှတ်လိုက် ငါမသိတဲ့သူနဲ့မတွေ့နိုင်ဘူးပါပြောလိုက်"

ငါ့မွေးစားသားကငါ့ကိုချစ်နေတယ် (Complete)Where stories live. Discover now