part 1

44.7K 1.3K 18
                                    

ငါ့မွေးစားသားကငါ့ကိုချစ်နေတယ်
အပိုင်း (၁)

ဟူးးးးးးး
ထည်ဝါသက်ပြင်းချမိတယ်

"ရှိုင်း ဒီကလေး တောင်မနက်ဖြန်ပြန်လာတော့မှာ ၃နှစ်ဆိုတဲ့အချိန်ကသိပ်မကြာလိုက်ဘူးဘဲ"

သူကျေးဇူးရှင်ရဲ့သားဖြစ်တဲ့ ဒီကလေးကို သူ့(ရှိုင်း)မိဘတွေဆုံးရှုံးသွားပြီးချိန်မှာထည်ဝါမွေးစားခဲ့တာပင် ဒီကလေးလိုချင်သမျှ အရာရာကိုချက်ချင်းရအောင်လုပ်ဆောင်ပေးခဲ့ပေမဲ့ နွေးထွေးတဲမေတ္တာတော့မပေးမိခဲ့
ဒါတောင်မှမျက်နှာကြောတင်းတင်းနဲ့ မိမိကိုချစ်ခင်စုံမက်နေပါတယ်ဆိုပြီး ၁၆နှစ်ပြည့်မွေးနေ့မှာဖွင့်ပြောလာခဲ့တယ်

ဒါကလုံးဝမဖြစ်သင့်တဲ့အရာကြီးလေ
သူ့ကျေးဇူးရှင်ရဲ့သား သူရဲ့မွေးစားသားဖြစ်ပြီး
သူနဲ့၁၁နှစ်ကျော်ကွာတဲ့ဒီကလေးကိုသူဘယ်လိုများချစ်နိုင်မှာလဲ

ထည်ဝါ ရှိုင်း အကြောင်းတွေးရင်းနဲ့ လွန်ခဲ့သော၃နှစ် ရှိုင်းရဲ့ ၁၆နှစ်ပြည့်မွေးနေ့ဆီအတွေးတွေပြန်ရောက်သွားတယ်

အပြုံးတွေဝေဆာနေတဲ့ ကလေးတစ်ယောက်

"ဉီးဂုဏ် ကျွန်တော်ဉီးကိုချစ်တယ်"

"အဂ္ဂရှိုင်း!! မင်းဘာစကားပြောတာလဲ"
ထည်ဝါလေသံကျယ်ကျယ်‌နဲ့အော်လိုက်သော်လည်း ရှိုင်းအနည်းငယ်တွန့်သွားခြင်းမရှိပေ

"ကျွန်တော်ဉီးကိုချစ်တယ်လို့ပြောလိုက်တာလေ"

"ကလေးအရွယ်စိတ်ကစားတာမို့ ဒီတစ်ခါခွင့်လွှတ်လိုက်မယ် နောက်တစ်ခါဒီစကားငါမကြားချင်ဘူး!"
ထွက်သွားရန်ပြင်နေတဲ့ထည်ဝါရဲ့လက်ကို
ရှိုင်းဆွဲလိုက်တယ်

"ကျွန်တော်ကလေးမဟုတ်တော့ဘူး! ကျွန်တော်ဉီးအပေါ်စိတ်ကစားတာလည်းမဟုဘူး!"
ဒေါသတကြီးအော်ပြောလာတဲ့ရှိုင်းကိုကြည့်ရင်း
ထည်ဝါမဲ့ပြုံးပြုံးလိုက်တယ်

"မင်းက ကလေး‌မဟုတော့ဘူးဟုတ်လား မင်းမိဘပိုင်ဆိုင်တဲ့ လုပ်ငန်းတစ်ခုကိုတောင် မင်းကောင်းကောင်းကိုင်တွယ်နိုင်သေးလို့လား"

ထည်ဝါရဲ့စကားကြောင့် အဂ္ဂငြိမ်ကျသွားတယ်

"တဘက်ခါကျရင် မင်းကနေဒါမှာပညာသွားသင်ရမယ် "

ငါ့မွေးစားသားကငါ့ကိုချစ်နေတယ် (Complete)Where stories live. Discover now