Part 8
ရှိုင်းအဝတ်စားတွေထည့်ပြီးတော့ ဉီးများရှိနေဉီးမလားဆိုတဲ့အတွေးနဲ့လှည့်ပတ်ကြည့်လိုက်ပေမဲ့ အရိပ်အယောင်လေးတောင်မတွေ့ရတော့
' ဉီးဂုဏ် ခင်ဗျားကအသဲမာလိုက်တာဗျာ'
ရှိုင်း luggage ကိုဆွဲပြီး ဖြည်းဖြည်းချင်း ဆင်းလာတယ်
မြန်မြန်သွားရင်ဉီးထွက်ကြည့်တဲ့အခါမတွေ့မှာဆိုးလို့ပါရှိုင်းပါးပြင်ပေါ်မျက်ရည်တွေစီးကျေနတယ်
ပထမတစ်ခါကလည်းဉီးကြောင့်ဘဲငိုခဲ့တယ် အခုဒီတစ်ခါလည်းဉီးကြောင့်ငိုရပြန်ပြီ☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️
ထည်ဝါတစ်ညလုံးထိုင်နေတာပင်
အခန်းအပြင်မထွက်ပေမဲ့ ဒီကောင်လေးထွက်သွားမှာဆိုးတာကြောင့်တစ်ညလုံးအိပ်မရခဲ့....."ဒေါ်မြ... ကျွန်တော်အတွက် လိမ္မောရည်ဖျော်ပေးပါဉီး ပြီးရင် ဟိုကလေးကိုသွားနှိုးလိုက်"
ထည်ဝါထမင်းစားခန်းထဲသို့ဝင်လာတယ်
"သားထည်ဝါ မနက်စာကိုဘာလို့လိမ္မော်ရည်သောက်ချင်ရတာလည်း ကြီးမြ ယိုးဒယားကြာဇံသုပ်ထားတယ်အဲ့တာလေးစားပါလား"
လိမ္မော်ရည်ဖျော်နေတဲ့ဒေါ်မြကိုပြုံးပြလိုက်တယ်"ကျွန်တော်ညကအိပ်ရေးပျက်လို့ပါ ပြီးတော့ယိုးဒယားကြာဇံသုပ်က ဟိုကလေးစုတ်ကြိုက်တာ "
"သားထည်တို့များနော် ဒီကလေးပေါ်ကိုအေးစက်စက်ဆက်ဆံပေမဲ့အသေးစိတ်ကအစအကုန်မှတ်ထားတယ်"
လိမ္မော်ရည်ခွက်ကိုထည်ဝါရှေ့လာချပေးပြီး ဒေါ်မြအပေါ်ထပ်သို့ရှိုင်းကိုနှိုးရန်တက်သွားတယ်'ကျွန်တော်ဒီကောင်းလေးကိုအေးစက်စက်ဆက်ဆံတာမဟုတ်ပါဘူး ကျွန်တော်ကိုယ်တိုင်ကနွေးထွေးတဲ့မေတ္တာမရခဲ့တာကြောင့် အေးစက်နေတာ'
ဒီစကားတွေကိုတော့ ထည်ဝါစိတ်ထဲမှာသာသိမ်းထားခဲ့တယ်"သားထည် ရှိုင်းလေးအပေါ်မှာမရှိဘူးကွဲ့ အစောကြီးအပြင်ထွက်သွားတာထင်တယ် "
ထည်ဝါသောက်လက်စလိမ္မော်ရည်ခွက်ကလေးပင်လွတ်ကျတော့မလိုပင်
![](https://img.wattpad.com/cover/309087581-288-k98948.jpg)
YOU ARE READING
ငါ့မွေးစားသားကငါ့ကိုချစ်နေတယ် (Complete)
Romanceကျေးဇူးရှင်ရဲ့သားကိုငယ်ငယ်ကတည်းမွေးစားခဲ့ပေမဲ့ မွေးရကျိုးနပ်တဲ့ကောင်စုတ်ကလေးကငါ့ကိုစားဖို့ဘဲချောင်းနေတယ်