part 6

13.3K 704 4
                                    

Part 6
ငါ့မွေးစားသားကငါ့ကိုချစ်နေတယ်

ရှိုင်း ထည်ဝါရဲ့အခန်းထဲခိုးဝင်လာခဲ့တယ် အကြောင်းက သူ့ဉီးရဲ့လက်ကောက်ဝတ်ကလေးကိုဆေးလူးပေးမလို့ပင်

ရှိုင်း ထည်ဝါနိုးသွားမှာဆို၍ဖွဖွလေးဆေးလူးပေးနေတယ်

'ဘာလို့ကျွန်တော့်ကိုသဘောမကျရတာလဲဉီးဂုဏ် ကျွန်တော်ဘာချို့ယွင်းချက်ရှိလို့လည်း'

ဆေးလူးပြီးအချိန်အတော်ကြာတဲ့အထိ ရှိုင်း ထည်ဝါကိုထိုင်ကြည့်ပြီးမှသူ့အခန်းသို့ပြန်လာခဲ့တယ်

☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️
မနက်စာစားရန်ရှိုင်းအခန်းထဲဝင်လာတော့ ဉီးဂုဏ်ကစားနှင့်နေပြီ

"မောနင်းဉီးဂုဏ်"

ထည်ဝါလျစ်လျူရှုထားဆဲ

"ကျွန်တော် ဉီးရဲ့ကုမ္ပဏီကိုလိုက်ခဲ့မယ်"

ထိုအခါမှဉီးဂုဏ်သူ့ကြည့်လာတယ်

"ဘာအတွက်လဲ "

" ကျွန်တော်တို့ ပူပေါင်းမှုအတွက်လေ့လာစရာရှိတာလေ့လာမလို့လေ"

"အင်း "
ထည်ဝါစားစရာရှိတာဆက်စားနေတယ်

"ဉီးဂုဏ်"

"အင်း "
မိမိကိုကြည့်မလာတဲ့ဉီးဂုဏ်ကြောင့်အနည်းငယ်စိတ်ကောက်ချင်လာတယ်

"ကျွန်တော် ကနေဒါကိုမသွားခင်က ဉီးဂုဏ်ပြောခဲ့တာမှိတ်မိသေးလား"

ထည်ဝါရဲ့ တည်ငြိမ်‌ လေ့ရှိတဲ့မျက်လုံးလေးတွေ အနည်းငယ်လှုပ်ရှားသွားတယ်

"စကားရှည်မနေတဲ့အလုပ်နောက်ကျမယ်"

ပြောပြီးတာနဲ့ ကားပါကင်ဘက်ထွက်သွားတဲ့ ဉီးဂုဏ်နောက်ရှိုင်း အမြန်လိုက်လာတယ်

"ဘာလိုက်လုပ်တာလဲ"

"ဉီးဂုဏ်နဲ့တစ်ကားတည်းအတူသွားမလို့လေ"ပြောပြီးတာနဲ့ ကားထဲအရင်ဝင်ထိုင်လိုက်တယ်

"ဘာလို့တစ်ကားထဲသွားတာလည်းမင်းအတွက်ကားတွေရှိရဲ့နဲ့စိတ်ရှုပ်စရာကောင်းလိုက်တာ"

"ဉီးနဲ့တစ်စက္ကန့်လေးတောင်မခွဲနိုင်လို့လေ "

ထည်ဝါစကားဆက်မပြောချင်တော့၍တိတ်တိတ်ကလေးနေလိုက်တယ်
၃နှစ်အတွင်း ဘာလို့လူယုတ်မာလေးလိုပြောင်းလဲသွားရတာလဲ??

ငါ့မွေးစားသားကငါ့ကိုချစ်နေတယ် (Complete)Where stories live. Discover now