part7

12.6K 696 18
                                    

Part 7

ရှိုင်း coffee ဆိုင်သို့ အစောကြီးကတည်းကရောက်နှင့်နေပြီ
မျက်နှာကလဲအပြုံးတို့ဝေဆာလျက်

"မင်္ဂလာပါ ဒီကအဂ္ဂရှိုင်းလားမသိဘူး"

"ဟုတ်ပါတယ်"
ဉီးထိုင်မဲ့နေရာကိုပိုင်စိုးပိုင်နင်းဝင်ထိုင်သောမိန်းကလေးကြောင့် မျက်မှောင်ကြုံ့သွားတယ်
နဂိုကအပြုံးတို့လည်းပျောက်ကွယ်လုပြီ

"တောင်းပန်ပါတယ် ကောင်လေး တို့အနည်းငယ်နောက်ကျသွားတယ်"

"ခင်ဗျားကိုဘယ်သူလာခိုင်းလို့လဲ!"
ရှိုင်းရဲ့ခပ်မာမာစကားကြောင့် ထိုမိန်းကလေးကအနည်းငယ်ထိတ်လန့်သွားဟန်ဖြင့်

"ကောင်လေးအဖေ ဉီးဂုဏ်ထည်ဝါလင်းလေ
သူကမင်းကိုတို့နဲ့လိုက်ဖက်တယ်ဆိုပြီး blind date စီစဉ်ပေးတာ "

ရှိုင်းလက်သီးဆုပ်ပြီးအံကြိတ်လိုက်မိတယ်
'တစ်ခြားတစ်ယောက်နဲ့ blind dateတဲ့လားဉီးရာ  ဉီးကျွန်တော်အချစ်ကိုလက်ခံတယ်ထင်ပြီးတော့   ဒီကောင်ကြီးမှာတော့အရူးတစ်ယောက်လိုပျော်နေခဲ့တာအဟက်! ဉီးကကျွန်တော်ရဲ့စိတ်ရိုင်းကိုနှိုးဆွနေတာဘဲ '

"မိန်းကလေးအထင်လွဲနေတယ်ဗျ
ဂုဏ်ထည်ဝါလင်းဆိုတာ ကျွန်တော့်ရဲ့အဖေမဟုတ်ဘူး သူကကျွန်တော်ချစ်သူပါဗျ ကိစ္စမရှိရင်ကျွန်တော်သွားတော့မယ် "

ရှိုင်းသူ့ရှေ့ကမိန်းကလေးကိုအပြုံးနဲ့နှုတ်ဆက်ပြီးထွက်လာခဲ့တယ်
အခုသူ့နှလုံးသားလေးက အပ်ပေါင်းများစွာနဲ့အထိုးခံနေရသလိုနာကျင်နေတယ်

"ကျွန်တော်ရဲ့ဉီးက လွှတ်ထားပေးလို့အတော်ဆိုးနေတာဘဲ ဆိုးနေတဲ့ဉီးကိုအပြစ်ပေးရတော့မယ်"
ရှိုင်းရဲ့မျက်နှာထက်နတ်ဆိုးဆန်တဲ့အပြုံးဖြစ်တည်လာတယ်
☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️

"အဂ္ဂရှိုင်း!! "
အိမ်ထဲဝင်လာလာချင်းသူသိပ်ချစ်တဲ့ဉီးရဲ့ဒေါသသံကလေးကိုကြားလိုက်ရတယ်

"အဟက်! "
မဲ့ပြုံးနဲ့သူ စိုက်ကြည့်လိုက်တယ်

"ကျုပ်ခံစားချက်တွေကို ခပ်ပြင်းပြင်းရိုက်ချလိုက်ရတာအရမ်းပျော်ဖို့ကောင်းလားဟမ်!"

ငါ့မွေးစားသားကငါ့ကိုချစ်နေတယ် (Complete)Where stories live. Discover now