part 26.

8.2K 328 12
                                    

ဒုန်း!! ခွမ်း!!!

နေရတု စိတ်ရှိလက်ရှိသောင်းကျန်းနေတယ်

"You သောင်းကျန်းနေလဲအပိုဘဲ "

"တော်စမ်း! ငါစိတ်တိုနေ‌တယ်နော်"

မာယာဆူးက စိတ်လေသလိုကြည့်လိုက်တယ်

"You တော့ သူ့ကိုဆုံးရှုံးရတော့မယ်"

"ငါသူ့ကိုအဆုံးအရှုံး မခံနိုင်ဘူး မင်းမှာနည်းလမ်းရှိသေးလား "

"အင်းရှိတယ် you လိုက်လုပ်ချင်ပါ့မလား"

"သူ ကိုသာပိုင်ရမယ်ဆို ဘာဖြစ်ဖြစ်လုပ်မယ်"

" Ok နောက်ဆုံးနည်းလမ်းက သူ့ကိုအတင်ဖမ်းခေါ်ဖို့ဘဲ"

နေရတု တွေဝေသွားတယ်
သူသာအဲ့လိုလုပ်လိုက်ရင် အလင်းကမုန်းသွားမှာ

"အဟက်! Youမလုပ်ချင်တော့ဘူးမလား အဲ့တာဆိုသူ့ကိုအဆုံးရှုံးခံလိုက်"

"ငါလုပ်မယ် "

မာယာ‌ဆူး နေရတုကိုစိတ်ထဲကနေလှောင်ရယ်လိုက်တယ်
' အငှားလက်နဲ့လူသတ်ရတော့မယ် you အတွက်တော့စိတ်မကောင်းပါဘူး'

☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️

"ဉီးဂုဏ်~~~~~~"

ရှိုင်း ထည်ဝါကိုဖက်ထားရင်း ချွဲနေမိတယ်

"ရှိုင်းရာ ငြိမ်ငြိမ်နေပါကွာ ကိုယ်အလုပ်လုပ်နေတယ် "

"ဉီးဂုဏ် အလုပ်မလုပ်လည်း ကျွန်တော်ကတင်ကျွေးနိုင်ပါတယ် "

ထည်ဝါပြုံးလိုက်တယ်

"ကိုယ်သိပါတယ် "

သူ့ကို ဂရုမစိုက်ဘဲအလုပ်လုပ်နေတာကြောင့် ရှိုင်း ဉီးဂုဏ်ရဲ့လည်ဂုပ်လေးကိုကိုက်လိုက်တယ်

"အာ့ !! ရှိုင်း မဆိုးနဲ့"

"ဝူးး ဉီးဂုဏ်က ကျွန်တော်ကိုငြိုငြင်နေပြီ ဝူးဝူးးးး"

ရုတ်တရက်ထငိုတဲ့ရှိုင်းကြောင့် ထည်ဝါလုပ်လက်စကို ရပ်ပြီး အမြန်ချော့မော့တော့တယ်

"ကိုယ်က ရှိုင်းကိုမငြိုငြင်ပါဘူးကွာ"

"တွေ့လား မငြိုငြင်ဘူးဆိုပြီးလေသံကမာနေတယ်"

ငါ့မွေးစားသားကငါ့ကိုချစ်နေတယ် (Complete)Where stories live. Discover now