part 23.

8.2K 386 3
                                    

"ကိုယ်ပါးစပ်ထဲရောက်ခါနီးတဲ့အစာကိုကောင်းကောင်းမကာကွယ်နိုင်ဘူးညံ့လိုက်တာ"

နေရတုအရက်သောက်နေရင်းကမျက်မှောင်ကျုံလိုက်တယ်

"အခုမှအရှုံးအတွက် ဝမ်းနည်းနေတာလား"

"မာယားဆူး!! မင်းတိတ်လိုက်တော့နော် ဒီကိစ္စကမင်းကြောင့်ပျက်သွားတာမဟုတ်ရင်သူကငါ့အပိုင်ဖြစ်နေပြီ"

"မင်းသိနေတာလား"

"ငါကအရူးမှမဟုတ်တာ အချိန်တိုအတွင်းနေရာအတိအကျအဲ့ကောင်လေးရောက်လာနိုင်တယ်ဆိုကတည်းကမင်းပရောဂမှန်းငါသိတယ်"

"ဟားဟား ရှင်‌ကတော်သားဘဲ ဒါနဲ့ဘာဆက်လုပ်မလဲ ရှင်သူ့ကိုလက်လွှတ်လိုက်မှာလား"

"မင်းနဲ့မဆိုင်ဘူး "

"တို့နဲ့မဆိုင်ပေမဲ့ သနားလို့နည်းလမ်းလေးပြောပြမယ်လေ လိုက်လုပ်တာမလုပ်တာတော့ရှင့်သဘောပေါ့"

"................"မာယာဆူး နေရတုအနားကပ်ပြီးစကားတစ်ချို့ကိုပြောလိုက်တယ်

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

"ဉီးဂုဏ်"

ထည်ဝါမကြည်သလိုကြည့်လိုက်တယ်
သူ့ကိုပစ်ထားပြီးအခုမှလာပြီးဉီးဂုဏ်လုပ်နေတယ်

( သူစိတ်ကောက်နေတာပါ ပစ်ထားလို့🤣🤣)

"ဉီးဂုဏ် ကျွန်တော့်ကိုဂရုစိုက်ပါဉီး "

"ဘာကိစ္စရှိလို့လဲငါမအားဘူး"

"ကျွန်တော်တာဝန်ယူခိုင်းမလို့"

ထည်ဝါစူးစိုက်ကြည့်လိုက်တယ်

"ဉီးဂုဏ်ကကျွန်တော်ကို တာဝန်မယူဘူးလား
စားပြီးနားမလည်မလုပ်နဲ့နော်"

"အဓိပ္ပာယ်မရှိလိုက်တာ"

"ဘာလို့အဓိပ္ပာယ်မရှိရမှာလည်းဗျာဉီးဂုဏ် ကျွန်တော်ကိုလက်ထပ်ပါနော်...နော်"

ကြီးကောင်ကြီးမားနဲ့ ချွဲနေတဲ့ရှိုင်းကြောင့် ထည်ဝါရင်ထဲကလိကလိဖြစ်လာတယ်

"မင်းကဘာအရည်အချင်းရှိလို့ငါကလက်ထပ်ရမှာလည်း"

ရှိုင်းပြုံးလိုက်တယ် သူ့ဉီးဒီလိုပြောမယ်ဆိုတာသူသိတာပေါ့

ငါ့မွေးစားသားကငါ့ကိုချစ်နေတယ် (Complete)Where stories live. Discover now