part 4

15K 814 1
                                    

ငါ့မွေးစားသွားကငါ့ကိုချစ်နေတယ်

"အဂ္ဂရှိုင်း ဖယ်တော့"

အချိန်တစ်ခုကြာတော့မှမိမိကိုဖက်ထားတာလွှတ်ပေးလာတယ်
ဒီကောင်လေး၃နှစ်အတွင်းအတော်ထွားလာတာဘဲ
အရပ်ရှည်လာရုံမက မျက်နှာအသွင်အပြင်ယောက်ျား‌ဆန်လာတယ်

ခပ်တည်တည်နဲ့ထည်ဝါအကြည့်လွဲလိုက်တယ်
ဒါပေမဲ့ မိမိရင်ထဲကအကောင်ပေါက်ကတော့တဒိတ်ဒိတ်ခုန်နေတယ်

ရှိုင်း မိမိရှေ့ကအသည်အသက်လေးရှေ့ မျက်နှာကိုကိုင်ချလိုက်တယ်
အခုဆိုတစ်ယောက်ဝင်သက်ထွက်သက်ကိုတစ်ယောက်ခံစားနေမိတဲ့အထိပင်

"အဂ္ဂရှိုင်း ငါကမင်းအဖေဆိုတာသတိရသေးရဲ့လား! လေးစားမှုမရှိလိုက်တာ"

ထည်ဝါနားရွက်တွေရောမျက်နှာတွေပါထူပူလာတယ်

"ဉီးဂုဏ်!"
‌ရှိုင်း ဉီးကသူ့ကိုအလိုမရှိသလိုပံုစံ‌‌ေကြာင့်ထည်ဝါကိုဒေါသထွက်တာမဟုတ်ပေမဲ့လေသံမာမာနဲ့အော်လိုက်မိတယ်

"အိမ်ပြန်ပြီးအနားယူတော့ ဒေါ်မြကိုမင်းအတွက်အခန်းပြင်ခိုင်းထားတယ်"
ထည်ဝါချက်ချင်းကျောခိုင်းလိုက်သော်လည်း နောက်ပါးမှထွက်ပေါ်လာတဲ့ဝမ်းနည်းစို့နင့်နေတဲ့အသံလေးကြောင်ခြေလှမ်းတို့ရပ်လိုက်တယ်

"ဉီးဂုဏ်ကို ကျွန်တော်ချစ်တယ်
ဘာလို့ကျွန်တော့်ကိုလျစ်လျူရှုရတာလဲ!"

ထည်ဝါ ကလေးလေးရဲ့အမေးစကားကို အ‌ဖြေပြန်မပေးဘဲ ထွက်လာခဲ့တယ်  ဒါပေမဲ့ ထည်ဝါရဲ့နှလုံးသားလေးကအောင့်သက်သက်နဲ့နာကျင်နေတယ်

☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️
ရှိင်းတစ်ယောက် အိမ်ကိုပြန်ရောက်ကတည်းက အခန်းထဲကအပြင်မထွက်လာဘူးလို့ကြီးမြ ပြောတာကြောင့်ထည်ဝါရောက်ရောက်ချင်းဒီကလေးအခန်းကိုလာခဲ့တာပင်

ဒေါက်! ဒေါက်!

"အဂ္ဂရှိုင်း ...ရှိုင်း "
ပြန်ထူးသံမလာတာကြောင့်ထည်ဝါတံခါးကိုအသာကလေးတွန်းဖွင့်ပြီး အထဲကိုဝင်လာလိုက်တယ်

"တစ်ခန်းလုံးမှောင်မဲနေတာဘဲ"

ထည်ဝါမီးခလုတ်ရှိရာခန့်မှန်းပြီးသွားနေ‌စဉ်  တစ်စုံတစ်ယောက်ရဲ့ဆွဲဖက်ချင်းကိုခံလိုက်ရတယ်

ငါ့မွေးစားသားကငါ့ကိုချစ်နေတယ် (Complete)Where stories live. Discover now