Part11
"မမကြီး အရိပ်ကို အဲဂါဝန်လေး ဝယ်ပေး"
"အေးအေး နင်နဲ့တော်ရင်ယူလေ"
"အမအဲဂါဝန်လေးနဲ့ ညီမနဲ့တော်လား"
"လက်မောင်းတစ်ထုပ်ထုပ်ဖြစ်နေမှာညီမနဲ့"
"အဲဆို အမသူနဲ့တော်တဲ့ ဂါဝန်လေးတွေပြပါလား"
"အားတော့ နာပါတယ် အမဒီကညီမေလးနဲ့တော်တဲ့ sizeတွေကမရှိဘူးအမ"
"ငယ်မလေး နင်နဲ့တော်တာမရှိဘူးတဲ့"
"မမကြီး ကလည်း လိုချင်ပါတယ် ဆိုနေမှ"
"ဟဲ့ ဟိုကမရှိပါဘူးဆိုနေမှ လာသွားမယ် မုန့်ဝယ်ကျွေးမယ်လေနင့်မျက်နှာကြီးဆူပုတ်မနေစမ်းနဲ့"
"မစားဘူး အိမ်ဘဲပြန်မယ်"
"ဟယ် ငယ်မလေး ဘာဖြစ်လာတာလဲမျက်နှာကြီး ဆူပုတ်နေတာဘဲ"
"မပြောချင်ပါဘူး အမေရယ် သူလိုချင်တဲ့ဂါဝန်ကမတော်လို့ မဝယ်တာကို စိတ်ဆိုးနေတယ်လေ"
"အော်"
"အဲဒါကြောင့် ပြောသားဘဲ ငယ်မလေးနင်ဝိတ်လျှော့လို့ လိုချင်တာကသေးသေးလေးတွေ နင်ကဝနေတော့ ဘယ်တော်မလဲ"
"မမလေးနော် အရိပ်ကို အဲလိုမပြောနဲ့နော် ပိန်ရင်အမတို့ထက်လှသွားမှာဆိုးလို့ မလျော့သေးတာ အမတို့ကို အလျှော့ပေးထားတာအရိပ်က"
"အမလေး လေကတော့ကြီးလိုက်တာ ဂါဝန်မတော်လို့ စိတ်ညစ်နေတာလဲပြောသေး မုန့်ကတော့အစားမပျက်ဘူး မှတ်လား အခုတောင်ရေခဲမုန့်စားရင်း နင်ပြောနေတာ မဟုတ်ဘူးလား"
"အမနဲ့ဆက်မငြင်းတော့ဘူး အခန်းထဲသွားတော့မယ်"
"အိပ်မနေနဲ့ အုံးနော်"
"အရိပ်ကိုယ် အရိပ်မှန်ထဲကြည့်တာ မဝပါဘူး မိန်းကလေး အကျီရောင်းတဲ့ဆိုင်တွေကလည်းဆိုဒ်ကြီးရောင်းတော့ ဘာဖြစ်မှာမို့လဲ အရိပ်ပိန်သွားရင် ခုဏဆိုင်ကအကျီတွေအကုန်ပတ်ဝယ်ပစ်မှာဟွန့်"
"ဟဲ့ဟောင် ကောင်းကြီးနဲ့ဝနမင်းတို့၃ဂိုး၂ဂိုးနဲ့ရှုံးတာလေးငါနဲ့စိုင်းသူရကိုလောင်းကြေးလေးပေးလိုက်တော့ လာထား"
أنت تقرأ
တစ်ဖက်သတ်အချစ်
عاطفيةအရိပ်ဖြူ "ခင်ဗျာကို မချစ်ရဲတော့ဘူး အချစ်ဆိုတဲ့ အရာက အရမ်းကြောက်စရာကောင်းတာဘဲ အရိပ်ပြန်မချစ် ပါရစေနဲ့နော်" ထွန်းပြည့်စုံ " အရင်လို ပြန်ချစ်ပေးပါ အရိပ်ရယ် ကိုယ့် အမှားတွေအတွက် အရိပ် ကျေနပ်တဲ့အထိ တောင်းပန်ပါတယ် ကိုယ့်ကိုပြန်ချစ်ပါနော်"