တစ်ဖက်သတ်အချစ် (15)

3.6K 100 0
                                    

Part15

"အကိုဘုန်းမြတ် အရိပ်၁၀တန်းအောင်လို့ကတော့ မုန့်လည်းကျွေးရမယ် ကစားကွင်းလည်းလိုက်ပို့ရမှာနော် အကိုဘုန်းမြတ်အရိပ်ကိုဂတိပေးထားတာနော်မမေ့နဲ့မေ့မှာဆိုးလို့အရိပ်ကသတိပေးတာ"

"အကိုက မမေ့ဘူးရယ် ဒီကအရိပ်ဖြူဆိုတဲ့ချာတိတ်မ‌ေလးသာ စာသေချာလုပ်နော်"

"အခုလည်း အရိပ်စာတွေ ကြိုးစားပြီး လုပ်နေတာဘဲကို"

"ချာတိတ် စာတွေ လုပ်နေတာ အကိုသိပါတယ်ခင်ဗျာ အခုထက်ပိုကြိုးစာအောင်ပြောတာပါ အဲ့ဒါမှချာတိတ်အမှတ်များများနဲ့အောင်မှာပေါ့"

"ဟုတ်အကိုဘုန်းမြတ် ‌ေြပာတာကို အရိပ်နားလည်ပါတယ် အရိပ်အမှတ်များများရအောင်ကြိုးစားနေပါတယ်"

"ဟုတ်ပါပြီ ခဗျာ"

"ငယ်မလေးရေ ညစာစားမယ်လေ ပြီးမှစာကျက်တော့ လာခဲ့"

"ကိုကြီး အရိပ်ထမင်းမစားတော့ဘူး ဌက်ပျောသီးဘဲစားတော့မယ်နော်"

"သမီးငယ်စာမေးပွဲကနီးနေပြီအားရှိအောင်ထမင်းလေးစားအုံးလေ"

"အဖေကလည်း အရိပ်ကအားရှိပြီသားပါ အခုတော့ အရိပ်စာသွားလုပ်လိုက်အုံးမယ်နော်"

"ငယ်မလေး မနက်ဖြန်သောကြာနေ့နော် ကျောင်းသွားမှာလား"

"ဟုတ် အမေသွားမှာ ကျောင်းမှာ အရိပ်ကိုသော်သော်စောင့်နေလိမ့်မယ် "

"အေးအေး"

"ဟိတ် မသော်"

"အမလေး! လန့်လိုက်တာ အရိပ်ရယ် ‌နင်ကလည်းကျောင်းတက်တော့မယ် ၁၀မိနစ်ဘဲလိုတော့တာနောက်ကျလိုက်တာ"

"ဟုတ်တယ် အရိပ်အိမ်ကနေ၉နာရီထိုးဖို့မိနစ်၂၀မှထွက်လာတာ"

"အရိပ်မ နင်ဝိတ်ကျသွား သလိုဘဲနော်"

"အဲဒီ ဝိတ်ကျတာတွေ မကျတာတွေ နောက်ထားအုံး နောက်ပတ်ထဲစာမေးပွဲဖြေရတော့မယ် အဲတွက်ရင်ခုန်နေပြီငါကတော့"

"အရိပ် ငါတကယ်ပြောနေတာ နင်ပိန်သွားသလိုဘဲ"

"အေး ငါဝိတ်ချနေတာလေ"

"ဟိုအကောင်စိုင်းသူရနဲ့သူ့သူငယ်ချင်း၄ယောက်လဲမတွေ့ပါလားမသော်"

တစ်ဖက်သတ်အချစ်Tempat cerita menjadi hidup. Temukan sekarang