Part 40
📳📳📳
"ဟယ်လို ငါ့ညီ ငယ်မလေးရော"
"အရိပ်က အခုတလော ဘာမှလဲမစားဘူး အကို ဘာကျွေးကျွေးပြန်အန်နေတာ မနေ့ညကလည်းတော်ရုံနဲ့မအိပ်ဘူး မနက်မိုးလင်မှ အိပ်ပျော်သွားတယ်"
"ဟုတ်လား ငါ့ညီ ငယ်မလေးနိုးရင်ဆေးတိုက်အုံးနော် သူကဆေးသောက်ရမှာအရမ်းကြောက်တာ"
"ဟုတ် အကို ဖုန်းဆက်တာ ဘာပြောမလို့လဲ"
"အော်မေ့တော့မလို့ ငယ်မလေးနိုးရင်ပြောလိုက်နော် သူ့တူလေး မွေးပြီလို့"
"တကယ်ကြီးလား အကို"
"မနက်၄နာရီက မင်းအမ ဗိုက်နာတယ် ဆိုလို့ဆေးရုံသွားတာ ဆရာမက အခုဘဲမွေးရတော့မယ် ဆိုလို့လေ ခွဲမွေးလိုက်တာ"
"အကိုက လည်း ကျွန်တော်ကို ဖုန်းဆက်တာမဟုတ်ဘူး လာမှာပေါ့"
"ငါလဲ လောလော လောလောနဲ့ ဘယ်သူကိုယ်ဖုန်းဆက်လို့ဆက်ရမှန်းမသိလို့ "
"ဟုတ် အရိပ်နိုးတာနဲ့ ကျွန်တော်တို့ဆေးရုံးလာခဲ့မယ်နော်"
"အေးအေး ငယ်မလေးက နေမကောင်းဘူးဆို"
အရိပ်ဖြူက ထွန်းပြည့်စုံ ဖုန်းပြောနေကတည်းကနိုးနေပြီ
"ကိုကြီး ညီမလေးနေကောင်းတယ်ရယ် အခုဘဲလာခဲ့မယ်နော် "
"အေးအေး ငါ့ညီမလေး နေကောင်းမှလာနော် "
"ဟုတ် ညီမလေး အခုဘဲလာခဲ့မယ်နော်"
"အဲဆို ဒါဘဲနော် "
"ဟုတ်"
"အရိပ် သက်သာလား"
"အင်း ဒါပေမဲ့ အရိပ်ဘာမှကို မစားချင်ဘူး လူကလဲနုံနုံကြီးရယ် "
"ကြက်ပေါင်းလေး စားမလား ကိုယ်သွားဝယ်လိုက်မယ်လေ"
"တော်ပါပြီကိုယ်ရယ် အခုမပိုပိုနဲ့ ကိုကြီးဆီသွားမယ်လေ အရိပ်ရဲ့တူလေးကိုယ်တွေ့ချင်လို့ "
"ဟုတ်ပါပြီ ခဗျာ "
ဆေးရုံရောက်တော့ ထွန်းပြည့်စုံရဲ့ အမေနဲ့အဖေရော အရိပ်ဖြူရဲ့ မိဘတွေရော ရောက်နေကြတယ်
VOCÊ ESTÁ LENDO
တစ်ဖက်သတ်အချစ်
Romanceအရိပ်ဖြူ "ခင်ဗျာကို မချစ်ရဲတော့ဘူး အချစ်ဆိုတဲ့ အရာက အရမ်းကြောက်စရာကောင်းတာဘဲ အရိပ်ပြန်မချစ် ပါရစေနဲ့နော်" ထွန်းပြည့်စုံ " အရင်လို ပြန်ချစ်ပေးပါ အရိပ်ရယ် ကိုယ့် အမှားတွေအတွက် အရိပ် ကျေနပ်တဲ့အထိ တောင်းပန်ပါတယ် ကိုယ့်ကိုပြန်ချစ်ပါနော်"